AD
AD
AD

ဘလွန်းဒီအော်ဆု ရပြီးတစ်ပတ်အကြာမှာပဲ ရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းပြီး မက်ဆီရဲ့စံချိန်ကို ကျော်ဖြတ်လိုက်ပြီဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်က အယ်လ်ဂျာဇီယာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ချေပဂိုး သွင်းပေးခဲ့ပါတယ်။

play



ဒီဂိုးကြောင့် ရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ခြောက်ဂိုးအထိ ရှိလာခဲ့ပြီး ဘာစီလိုနာမှ မက်ဆီက ငါးဂိုးသွင်းယူထားတာ ကြောင့် အခုလို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုမတိုင်ခင် ယခုပြိုင်ပွဲမှာ မက်ဆီ၊ ဆွာရက်ဇ်နဲ့ အာဂျင်တီးနားကစားသမား ဆီဇာဒယ်ဂါဒိုတို့က ငါးဂိုးစီ သွင်းထားကြပြီး သွင်းဂိုး အများဆုံး ကစားသမားများ အဖြစ် စံချိန်အတူတူ တင်ရှိထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်မှာလည်း မကြာသေးခင်ကပဲ စံချိန်တစ်ခု ချိုးထားပါသေးတယ်။ အဲ့ဒီ စံချိန်ကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD