AD
AD
AD

 

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား အင်နီယေစတာဟာ သူ့ရဲ့အသင်းဖော်ဟောင်း နေမာသာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကိုအမှန်တကယ် ပြောင်းရွှေ့လာခဲ့ရင် မိမိအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့်ကိစ္စလို့ ပြောကြားခဲ့ပါတယ်။

play

 

နေမာဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီအသင်းကစားဖော်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် ပီအက်စ်ဂျီအသင်းမှာ မပျော်ရွှင်နေဘူးလို့ ပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဥက္ကဌပီးရက်ဇ်ဟာ၂၀၁၃ ခုနှစ်မှာ နေမာ ဘာစီလိုနာအသင်းကို မရောက်ရှိခင်ကတည်းက နေမာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဘာစီလိုနာအသင်းက လက်ဦးမှုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နေမာဟာ ရီးရဲမက်ဒရစ်အသင်းလို အသင်းကြီးတစ်သင်းမှာ ကစားမှသာ ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် နီးစပ်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

"ဘောလုံးမှာ အရာအားလုံး ဖြစ်သွားနိုင်ပါတယ်"

"ကျွန်တော်တို့ အခုရှုမြင်နေတဲ့ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေက အရင်တုန်းက ဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စတွေပါ"

"ကျွန်တော့်အတွက်တော့ ဘာမှ မထူးခြားပါဘူး။ ဒါပေမယ့် သူက ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့သူဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို ပိုပြီး အင်အားတောင့်တင်းသွားစေတာကတော့ စိတ်အနှောင့်အယှက်နည်းနည်း ဖြစ်စရာပါ၊ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး"

"လူတစ်ဦးချင်းစီတိုင်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆနဲ့ ခံစားချက်တွေဆိုတာ ရှိမှာပဲ"

"ဘလွန်းဒီအော်ဆုကို ၅ ကြိမ်အထိ ရထားတဲ့ ကစားသမားကတော့ အကောင်းဆုံးထဲက တစ်ယောက်ဆိုတာ ထင်ရှားပါတယ်"

"ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင်ရွေးချယ်စရာတွေရှိနေပါတယ်။ ကျွန်တော့်အတွက်ကတော့ ရှင်းပါတယ်။ အသင်းဖော် မက်ဆီနဲ့အတူ သူကိုယ်စားပြုခဲ့တဲ့အရာနဲ့လက်ရှိအချိန်အထိ ကိုယ်စားပြုနေတဲ့အရာတွေကို လိုက်လုပ်ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ှSource & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD