AD
AD
AD

နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှုများ ရှိလာတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က သတိပေးမှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

play

 

ယနေ့ နံနက်အစောပိုင်းက စပိန်ဝန်ကြီးချုပ် မာရီယာနိုရဲ့ ပြောကြားချက်မှာတော့ မည်သည့်အကြောင်းကြားစာမှ ဖီဖာကနေ မရရှိထားကြောင်းလည်း သိရပါတယ်။

play

 

ဒါပေမယ့်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ -" လက်ရှိ စပိန်အစိုးရရဲ့ စပိန်ဘောလုံးလောကကို ၀င်ရောက်နှောက်ယှဉ်မှု ကြောင့် ကျွန်တော်တို့ အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်ပါတယ်။ဖီဖာအဖွဲ့ဝင်နိုင်ငံများအနေနဲ့ ဖီဖာရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀ လိုက်နာရမှာ ဖြစ်ပါတယ်။အဲ့ဒီအထဲက အရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့ ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့ လွတ်လပ်စွာ ရပ်တည်နိုင်ရေးကလည်း တစ်ချက်အပါအ၀င် ဖြစ်ပါတယ်။တစ်စုံတစ်ယောက်ရဲ့ ၀င်ရောက်စွက်ဖက် မှုကို ခံထားလို့လည်း မရပါဘူး။လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဖီဖာအနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ထားကြောင်းနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ကို အစိုးရအနေနဲ့ ၀င်ရောက်စွက်ဖက်ပါက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

ဒါပေမယ့်လည်း စပိန်ဝန်ကြီးချုပ်ကတော့ -" ကျွန်တော်တို့ သေချာပေါက် ကမ္ဘာ့ဖလား ၀င်ခွင့်ရမှာပါ။နောက်ပြီး ကျွန်တ်ာတို့ ဗိုလ်စွဲမှာပါ။" လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

ဒါ့အပြင် ၀န်ကြီးချုပ်က စပိန်အားကစား ၀န်ကြီးကို-" ကျွန်တော်တို့ ဖီဖာကနေ ဘာဆက်သွယ်မှုမှ မရရှိထားပါဘူး။ဒါပေမယ့် ဖီဖာနဲ့ စပိန်အဖွဲ့ချုပ်တို့ တွေ့ဆုံဖို့ ကမ်းလှမ်းစာတစ်စောင်တော့ ရရှိထားပါတယ်။လို့ ပြောကြားခဲ့ပါသေးတယ်။

တစ်ချိန်တည်းမှာပဲ စပိန်ဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကိုလည်း အစိုးရ ၀င်ရောက်စွက်ဖက်မှု ရှိမရှိ ဖီဖာက ထောက်လှမ်းထားလျက်ရှိတယ်လို့ သိရပါတယ်။

Source- ABS CBN nwes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD