play

 

စနေနေ့ည ၁၁ နာရီ ၃၀ မိနစ်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဂရီမီယိုအသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဘန်ဇီးမားနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက ရီးရဲမက်ဒရစ်အသင်းက တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။

play

 

ဒုတိယပိုင်းမှာလည်း ရီးရဲမက်ဒရစ်အသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူ ကစားနိုင်ခဲ့ပြီး ၅၃ မိနစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ဖီဖာကလပ်ကမ္ဘာ့ဖလား ၇ ဂိုးမြောက်သွင်းဂိုးအဖြစ် ရီးရဲမက်ဒရစ်အသင်းအတွက် ပြစ်ဒဏ်ဘောကနေတစ်ဆင့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဂရီမီယိုအသင်းဟာ ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမားတွေနဲ့ ဂိုးသမားက အကောင်းဆုံးကာကွယ်ဖျက်ထုတ်နိုင်ခဲ့တာကြောင့် ချေပဂိုးရရှိခဲ့ခြင်းမရှိဘဲ ရီးရဲမက်ဒရစ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video