AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲဖို့ စဉ်းစားနေပြီလို့ သတင်းတွေထွက်နေချိန်မှာပဲ ရော်နယ်ဒိုက စာချုပ်ကိစ္စ သူ့ရဲ့သဘောထားကို ပြောလိုက်ပါတယ်။

စနေနေ့ညက ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ ဂရီမီယိုအသင်းကို ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့ပြီး ဒီဂိုးကိုတော့ ရော်နယ်ဒိုက ဖရီးကစ်ကတဆင့်သွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာ အနိုင်ဂိုးရှင်ရော်နယ်ဒိုကို အသင်းမှာ ကာလကြာရှည်ဆက်ရှိဖို့ ဖြစ်နိုင်မလား သတင်းထောက်က မေးမြန်းရာမှာ ရော်နယ်ဒိုက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

“ ဒီကိစ္စ(အသင်းတွင် ကာလကြာရှည်ဆက်နေရန်) ဖြစ်လာရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ဒီလိုကိစ္စက ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတာမျိုးမဟုတ်ဘူးဗျ။ ကျွန်တော့်တာဝန်က ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ပြဖို့ပဲ။ ကျွန်တော်က အသင်းရဲ့ ဥက္ကဌမဟုတ်ဘူးလေ။ ကျွန်တော့်အလုပ် ကျွန်တော် အကောင်းဆုံး လုပ်နိုင်မယ်လို့ပဲ ယုံကြည်ထားတယ်” လို့ ရော်နယ်ဒိုက ဆက်ပြောခဲ့ပါတယ်။

play

 

ရော်နယ်ဒိုဟာ အသင်းရဲ့စီမံခန့်ခွဲမှုတွေကို မကျေနပ်တာကြောင့် လျော်ကြေးပေးကာ အသင်းပြောင်းဖို့ အေးဂျင့်နဲ့ တိုင်ပင်နေတယ်ဆိုတဲ့ သတင်းတွေပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ဘလွန်းဒီအောဆုကို ငါးကြိမ်မြောက် ရပြီးတဲ့အခါ နည်းပြဇီဒန်းကရော အသင်းဥက္ကဌ ပီရက်ဇ်ကပါ ချီးကျူးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD