AD
AD
AD

ဘာစီလိုနာ ကြယ်ပွင့်ဟောင်း နေမာက ဘာကြောင့်အသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သလို ဆိုတာကို ဂျရတ်ပီကေးက ထုတ်ပြောလိုက်ပါပြီ။

နေမာက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ရောက်ရှိသွားပေမယ့် အသင်းဖော်ဟောင်း ပီကေးနဲ့တော့ ခင်မင်းရင်းနှီးတဲ့ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ နေမာအသင်းက ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပေမယ့် မိမိကတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ နားလည်ပေးနိုင်တယ်လို့ ပီကေးက ပြောပါတယ်။ အသင်းတစ်သင်းမှာ ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးစေမယ့် ကစားသမားမျိုးဟာ ရှားပါးလွန်းပါတယ်လို့ ပီကေးက ဆိုပါတယ်။

play

 

“ ကျွန်တော်နဲ့ နေမာက အရမ်းကိုခင်မင်ရင်းနှီးကြတာပါ။ နေမာထွက်သွားတာဟာ ကလပ်အသင်းဘက်ကိုလည်း နာကျင်စေခဲ့ရါတယ်။ သူဘာလို့ ဒီလိုရွေးချယ်လဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ပရိသတ်တွေကတော့ စိတ်ပျက်ကောင်း စိတ်ပျက်လိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေဟာ သူတို့ရဲ့ဘဝမှာ ရည်ရွယ်ချက်တွေနဲ့ ရှိနေတာကြောင့်အဲဒီအရာတွေအတွက် တိုက်ပွဲ ဝင်ကြရပါတယ်။ နေမာက ဘလွန်းဒီအော်ဆုကို လိုချင်နေသူပါ။ ဒါကြောင့် သူပါရီကိုသွားဖို့ ရွေးချယ်ခဲ့တ သူ့အတွက်မှန်ပါတယ်” လို့ ပီကေးက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

နေမာဟာ ဘာစီလိုနာအသင်းထံက ပြောင်းရွှေ့ခွင့်မရခဲ့ပေမယ့် စာချုပ်လျော်ကြေး ယူရို သန်း ၂၀၀ ကျော်ပေးချေကာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ပြမယ်ဆိုရင် ဘလွန်းဒီအော်ဆုရဖို့ သူအခွင့်အရေး ရှိလာမှာ ဖြစ်တယ်လို့ ပီကေးက ဆက်ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD