play

 

စနေနေ့ည ၁၁ နာရီ ၃၀ မိနစ်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂရီမီယိုအသင်းကို ဒုတိယပိုင်းမှာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အလွတ်တည်ကန်ဘောကနေတစ်ဆင့် သွင်းယူခဲ့တဲ့ဂိုးနဲ့ အနိုင်ရရှိပြီး ရီးရဲမက်ဒရစ်အသင်းက ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာကြောင့် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းမှာ ဖလား ၅ လုံးအထိ ရယူနိုင်ခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ ဥရောပစူပါဖလားနဲ့ စူပါကိုပါဖလားတို့ကို ရယူထားခဲ့ပြီး ယခုအချိန်မှာတော့ ဖီဖာကလပ်ကမ္ဘာ့ဖလားကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ပြိုင်ဘက်ဘာစီလိုနာအသင်းရဲ့ ဇယားထိပ်ဆုံးကနေ ၈ မှတ်ဖြတ်ထားခြင်းကို ခံနေရပြီး အဆင့် ၄ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လာလီဂါ အယ်ကလက်စီယိုပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video