AD
AD
AD
play

 

လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လာလီဂါအယ်ကလက်စီယိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မတိုင်မီ လက်ရှိလာလီဂါချန်ပီယံဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနား ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ဘာစီလိုနာအသင်းရဲ့ဆက်ဆံရေးဒါရိုက်တာက ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါချန်ပီယံဖြစ်ခဲ့ပြီး လက်တလောမှာ ကမ္ဘာ့ကလပ်ချန်ပီယံလည်း ဖြစ်ထားတာကြောင့် ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုက ဘာစီလိုနာအသင်းအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ အသင်းအနေနဲ့ ဂုဏ်ပြုကြိုဆိုအခမ်းအနားက ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ပါဝင်ယှဉ်ပြိုင်တဲ့အချိန်မှာ လုပ်လေ့ရှိတဲ့အရာပါ။ နောက်ပြီး ဒါက ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး"လို့ ဒီပို့တီပိုအသင်းးကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆက်ဆံရေးဒါရိုက်တာ ဂွီလာမိုအမော်က ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ၂၀၀၈ ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်ကလက်စီယိုပွဲစဉ်မှာ လာလီဂါချန်ပီယံဖြစ်လာတဲ့ ရီးရဲမက်ဒရစ်အသင်းကို ဂုဏ်ပြုကြိုဆိုခဲ့တာ နောက်ဆုံးဖြစ်ပါတယ်။

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD