AD
AD
AD

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ကာကာဟာ ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play

 

"အဖ ဘုရားသခင်၊ ကျွန်တော်ထင်ထားတာထက် အများကြီး ပိုခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် ခရီးသစ်တစ်ခုအတွက် အခု အဆင်သင့်ဖြစ်နေပါပြီ။ ဘုရားသခင်ရဲ့နာမတော်အားဖြင့် အာမင်"လို့ ရေးသားထားပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာကာဟာ ကစားသမားဘဝကို ဘရာဇီးကလပ်အသင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းမှာ စတင်ခဲ့ပြီး ကစားသမားဘဝနောက်ဆုံးအချိန်ကို မေဂျာလိဂ်အသင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းမှာ ကစားရင်း ကုန်ဆုံးခဲ့ပါတယ်။

play

 

ကာကာဟာ ဘရာဇီးအသင်းအတွက် ၉၂ ပွဲပါဝင်ကစားပေးခဲ့ပြီး ၂၉ ဂိုး သွင်းယူပေးတဲ့ကစားသမားဖြစ်တဲ့အပြင် ကမ္ဘာ့ဖလား၊ ဥရောပဖလားနဲ့ ဘလွန်းဒီအော်ဆုတို့ကို ကိုင်မြှောက်ဖူးတဲ့ ကစားသမား ၈ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD