play

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ လာမယ့် စနေနေ့မှာ လာလီဂါ အယ်ကလက်စီယိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ရီးရဲမက်ဒရစ်အသင်းနဲ့ ပွဲစဉ်ကို အနိုင်ယူပြီး ခရစ်စမတ်ကာလမှာ ပျော်ရွှင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ လာလီဂါအဓိကပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို ၁၁ မှတ်ဖြတ်ထားနိုင်ပြီး ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ၆ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဘာနေဗျူးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ လက်ရှိလာလီဂါချန်ပီယံနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံအသင်းကို ဘာစီလိုနာအသင်းအနေနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင် ယခုရာသီအတွက် ချန်ပီယံဆုကို သေချာစေမှာဖြစ်ပါတယ်။

play

 

ယခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ကပ်ပြီးလွဲချော်ခဲ့ရတဲ့ မက်ဆီအနေနဲ့ ဆောင်းရာသီကာလမှာ နောက်ကအသင်းတွေအားလုံးကို အမှတ်ဖြတ်ထားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

"အဲဒီပွဲမှာ အနိုင်ရရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပွဲစဉ်မျိုးက အမြဲတမ်း ထူးခြားနေမှာပါ"

"ရီးရဲမက်ဒရစ်အသင်းရဲ့အိမ်ကွင်းမှာ အနိုင်ရရှိဖို့ဆိုတာဟာ ဘာစီလိုနာအသင်းအတွက် အရေးကြီးတဲ့ အားသာချက်တစ်ခုပါ"

"လိဂ်ပြိုင်ပွဲတွေ ကစားဖို့ အများကြီးကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီနှစ်ကို အနိုင်ရလဒ်နဲ့ ပြီးဆုံးနိုင်ခဲ့ရင် ခရစ်စမတ်မှာ အပျော်တွေနဲ့ပဲ ကုန်ဆုံးသွားရမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video