play

 

စပိန်သတင်းစာထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက ယမန်နေ့ညက ၂၀၁၆ ဘောလုံးရာသီမှာ သွင်းဂိုးအများဆုံးဆုနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးကစားသမားဆုတို့ကို ချီးမြှင့်ခဲ့ပါတယ်။

play

 

ဒီပို့တီပိုအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ မာကာသတင်းဌာနရဲ့ဆုပေးပွဲမှာ မက်ဆီက ပီချီချီဆု(သွင်းဂိုးအများဆုံးဆု)နဲ့ အယ်ဖရက်ဒို ဒီစတီဖာနိုဆု(လာလီဂါရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု)တို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီရဲ့အသင်းဖော် အင်နီယေစတာကလည်း မာကာသတင်းဌာနက ချီးမြှင့်တဲ့ စပိန်ရဲ့တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် ၂၃ ရက်နေ့မှာ လာလီဂါအယ်ကလက်စီယိုပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video