ဂျူဗင်တပ်အသင်းကနေ ထွက်ခွာချင်နေတဲ့ ဒိုင်ဘာလာကို မန်ယူအသင်းက ခေါ်ယူနိုင်ရေး အတွက် ၎င်းရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ပြောဆိုနေ တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

Mtero မှ လာတဲ့ သတင်းတစ်ရပ်အရ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဒိုင်ဘာလာရဲ့ အေးဂျင့်လည်းဖြစ်၊အကိုလည်းဖြစ်သူနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီလို့ သိထားရပြီး လာမယ့် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို အရောက်ခေါ်ယူနိုင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါပြီ။

play

 

လက်ရှိမှာ ဂျူဗင်တပ်အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်နေပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်ပွဲဆက် အရံခုံထိုင်ခဲ့ရတာကြောင့် ဒိုင်ဘာလက မကျေမနပ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒိုင်ဘာလာရဲ့ ပြောင်းရွှေ့ကြေးဟာ မြင့်မားဖွယ်ရှိနေပြီး အနည်းဆုံး ပေါင် ၁၅၅ သန်းအထိ ရှိနိုင်ဖွယ်ရှိတယ်လို့သိထားရပါတယ်။

ဒါပေမယ့်လည်း ဒိုင်ဘာလာရဲ့အေးဂျင့်ကတော့ မန်ယူတစ်သင်းတည်းမဟုတ်ပဲ စပိန်ထိပ်သီး ရီးရဲအသင်းနဲ့လည်း ညှိုနှိုင်းနေတယ်လို့ သိထားရ ပြန်ပါတယ်။သို့သော် ဒိုင်ဘာလာအနေနဲ့ မန်ယူကိုသာပြောင်းဖို့ စိတ်အားထက်သန်နေပြီး အကြောင်းမှာ ကစားဖော်ဟောင်း ပေါ့ဘာနဲ့ ရင်းနှီးမှု ရှိနေတာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video