AD
AD
AD

ဂျူဗင်တပ်အသင်းရဲ့ဂိုးသွင်းစက်လို့ တင်စားခေါ်ဝေါ်ရတဲ့ တိုက်စစ်မှူး ဒီဘာလာကို နည်းပြ အယ်လီဂရီက ပွဲစဉ် ၂ ပွဲဆက်တိုက် ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဒွိဟတွေ ဖြစ်ပေါ်နေပြီး နည်းပြ အယ်လီဂရီကတော့ နည်းဗျူဟာပိုင်းဆိုင်ရာကြောင့် ချန်လှပ်ထားခဲ့ရတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

play

 

နောက်ထပ်ကြားရတဲ့ ကောလာဟလသတင်းကတော့ ဒီဘာလာရဲ့အစ်ကိုက ပီအက်စ်ဂျီအသင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာကြောင့် ဂျူဗင်တပ်အသင်းနဲ့ ဒီဘာလာတို့ ဆက်ဆံရေး မပြေမလည်ဖြစ်နေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

play

 

အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Corriere della Sera ရဲ့ရေးသားချက်အရ ဂျူဗင်တပ်အသင်းဟာ ဒီဘာလာရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဖြစ်နေပြီး ဒီဘာလာကလည်း မိမိရဲ့ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို အသင်းက ဝင်ရောက်စွက်ဖက်ချင်နေတယ်လို့ ခံစားနေရတယ်လို့ သိရပါတယ်။ ဒီဘာလာရဲ့အစ်ကိုဖြစ်သူ မာရီယာနိုကလည်း ညီဖြစ်သူရဲ့အနေအထားကို စိတ်ကြိုက်ကိုင်တွယ်သွားမယ်လို့ ဂျူဗင်တပ်အသင်းကို အသိပေးထားပြီး ပီအက်စ်ဂျီအသင်းနဲ့ တိတ်တဆိတ်တွေ့ဆုံခဲ့တယ်လို့ Corriere della Sera သတင်းဌာနက အခိုင်အမာ ရေးသားထားပါတယ်။

play

 

ပီအက်စ်ဂျီအသင်းရဲ့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့နေမာဟာ လာမယ့်ရာသီမှာ ရီးရဲမက်ဒရစ်အသင်းထံ ရောက်သွားနိုင်တာကြောင့် ဒီဘာလာအနေနဲ့ နေမာရဲ့နေရာမှာ ကစားဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ဒီဘာလာရဲ့အစ်ကို မာရီယာနိုတို့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD