ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ရဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင် နယ်အသင်းက ၀ဲလ်ဘတ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းအနေနဲ့ ယနေ့ ပွဲစဉ်မှာ ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လူစာရင်းမှ ၁၁ ယောက်စလုံးကို အပြောင်းအလဲလုပ်ယှဉ်ပြိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

play

 

အာဆင်နယ်အသင်းအနေနဲ့ ယနေ့ ပွဲအနိုင်ရရှိခဲ့တာကြောင့်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ စပွန်ဆာဖလားလို့ အမည်တွင်တဲ့ ယခုပြိုင်ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ သိပ်အားထုတ်ယှဉ်ပြိုင်ခြင်း မရှိပဲ အာစင်ဝင်းဂါး လက်ထက်မှာ လူငယ်ကစားသမားတွေကို အများဆုံး ပွဲထွက်ကစားစေတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ လိဂ်ဖလား သမိုင်းတစ်လျှောက်မှာ အောင်မြင်မှု ၂ ကြိမ်သာ ရယူထားနိုင်ပြီး နောက်ဆုံး ရယူထားနိုင်တဲ့ နှစ်ကတော့ ၁၉၉၃ ခုနှစ်ကဖြစ်ပါတယ်။

နောက်ဆုံး ဖိုင်နယ် ရောက်ရှိခဲ့တဲ့ နှစ်ကတော့ ၂၀၁၁ ခုနှစ်ကဖြစ်ပြီး ဘာမင်ဂမ်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံအခွင့်အရေးနဲ့ လွဲခဲ့ရပါ တယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video