အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက ခေါ်ယူနိုင်ဖို့အတွက် တရားမဝင် ချဉ်းကပ်ခဲ့တာကို ဖီဖာထံ တိုင်ကြားမယ်လို့ သိရပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက ဗြောင်ကျကျ ချဉ်းကပ်မှုကို အကြီးအကျယ်ဒေါသထွက်နေပြီး ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းကို တရားဝင် တိုင်ကြားသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ရှယ်ယာရှင်တွေနဲ့ ကလပ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ တနင်္လာနေ့နံနက်မှာ တိုင်ကြားဖို့ကိစ္စကို ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ တိုင်ကြားဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ လာမယ့်ရာသီမှာ ဂရစ်ဇ်မန်းအနေနဲ့ နူးကမ့်ကို လာရောက်ကစားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ဥက္ကဌ ဘာတိုမြူဟာ ပြီးခဲ့တဲ့အပတ်က ဂရစ်ဇ်မန်းရဲ့မိသားစုနဲ့ လာမယ့်နှစ်မှာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ကိစ္စအပြီးသတ်အဖြစ် သွားရောက်တွေ့ဆုံခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ဒါရိုက်တာ ဂွီလာမိုအမော်က ယင်းတွေ့ဆုံမှုဟာ စာချုပ်ချုပ်ဆိုဖို့ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video