ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်များအပြီးမှာတော့ ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

play

 

ဆီမီးဖိုင်နယ်မှာတော့ လန်ဒန်ဒါဘီအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး လက်စတာကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ တဲ့ မန်စီးတီးအသင်းကတော့ မန်ယူကို အံ့အားသင့်ဖွယ်အနိုင်ယူလာတဲ့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းနဲ့ တွေ့ဆုံနေပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့မှာ ယခုနှစ်ရာသီ ချဲလ်ဆီးအိမ်ကွင်းမှာ တစ်ကြိမ်တွေ့ဆုံထားပြီး ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ထားပါ တယ်။

ယခု ရောက်ရှိနေတဲ့ ဆီမီးဖိုင်နယ်မှာတော့ အိမ်ကွင်း အဝေးကွင်းနှစ်ကျော့ပုံစံနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အဝေးဂိုးစည်းမျဉ်းနဲ့ ဆုံးဖြတ်မှာ လည်း ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေကိုတော့ လာမယ့် ဇန်န၀ါရီလ ၉ရက်နေ့တွင် ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်ကိုလည်းကောင်း၊ဇန်န ၀ါရီလ ၁၀ ရက်နေ့တွင် မန်စီးတီးအသင်းနဲ့ ဘရစ္စတိုးလ်စီးတီးအသင်းတို့ ပွဲစဉ်ကိုလည်းကောင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်း၊ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ဘရစ္စတိုးလ်စီး တီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် ဖေဇော်ဝါရီလ ၂၅ ရက်နေ့မှာ ၀င်ဘလေကွင်းအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video