AD
AD
AD

အသင်းဖော်အဖြစ် ရှိမနေတော့ပေမယ့် နေမာကို သတိရလွမ်းဆွတ်နေဆဲ ဖြစ်ကြောင်း ဗီဒီယိုကတဆင့် အသင်းဖော်ဟောင်း မက်ဆီက သတင်းစကားပြောကြားလိုက်ပါတယ်။

 

ခရစ္စမတ်ကာလအတွက် ရွယ်ရည်ရိုက်ကူးတဲ့ ဒီဗီဒီယိုထဲမှာ မက်ဆီက နေမာကို သတိရနေဆဲ ဖြစ်ကြောင်းနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မှာကြားခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒိုနဲ့ ဓာတ်ပုံကိုတင်လိုက်လို့ မက်ဆီနဲ့ နေမာ ဆက်ဆံရေးတင်းမားနေတယ်ဆိုတဲ့ အရင်က သတင်းအချို့ဟာလည်း ဒီဗီဒီယိုကြောင့် မှေးမှိန်ပျောက်ကွယ်သွားပါတယ်။ မက်ဆီရဲ့ ဗီဒီယိုမက်ဆေ့ခ်ျအရ သူနဲ့ နေမာဟာ အရင်လိုပဲ အမြဲမပြတ် အဆက်အသွယ်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

play

 

“ နေမာရေ။ ငါတို့မင်းကို လွမ်းနေတုန်းပဲဆိုတော့ မငြင်းတော့ပါဘူး။ မနက်တိုင်း မင်းနဲ့ ဆွာရက်ဇ်နဲ့ အတူ အဝတ်လဲခန်းထဲမှာ Mate (တောင်အမေရိကရိုးရာလက်ဘက်ရည်) သောက်ခဲ့ကြတာတွေ သတိရတယ်။ ဘာပဲဖြစ်ဖြစ် မင်းဘယ်နေရာပဲရောက်ရောက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ မင်းကိုယ်မင်းလည်း  ဂရုစိုက်ပါ” လို့ မက်ဆီက ပြောခဲ့ပါတယ်။

play

 

အဲဒီအခါ နေမာကလည်း ဗီဒီယိုမက်ဆေ့ခ်ျထဲကတဆင့်  “ အကိုရေ၊ ခင်ဗျားက ကျွန်တော့် စံပြလို့လည်း ပြောလို့ရတယ်။ သူငယ်ချင်းလို့လည်း ပြောလို့ရတယ်” လို့ ပြန်ပြောခဲ့တာတွေ့ရပါတယ်။ ဗီဒီယိုကတဆင့် အပြန်အလှန် ခရစ္စမတ်နှုတ်ဆက်စကားပြောကြတဲ့ ဒီအစီအစဉ်မှာ ဆွာရက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD