မနေ့က ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်လာလီဂါ ပွဲစဉ် (၁၇)မှာတော့ ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ၀-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အဆိုပါပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းမှာ ရမှတ် ၄၅ မှတ်အထိ စုဆောင်းထားနိုင်ပြီဖြစ်ပြီး  ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကို ၉မှတ်ဖြတ်အနေအထား၊တတိယအနေရာမှ ဗလင်စီယာအသင်းကို ၁၁ မှတ်ဖြတ်အနေအထားနဲ့ စတုတ္ထနေရာမှ ရီးရဲအသင်းကို ၁၄ မှတ်အထိ အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ယခုလို အနိုင်ရရှိခဲ့တာကြောင့်လည်း ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ သမိုင်းတစ်လျှောက်း ရီးရဲအသင်းရဲ့  အိမ်ကွင်းမှာ အမှတ်ပေးပွဲ (၃)ပွဲဆက်အနိုင်ရရှိခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ ရီးရဲအသင်းရဲ့ အိမ်ကွင်းမှာ ရီးရဲအသင်းကို လာလီဂါ ပြိုင်ပွဲ နောက်ဆုံး (၃)ပွဲဆက် အနိုင်ရယူနိုင်ခဲ့ရာမှာ ၂၀၁၄ ခုနှစ်က ၃-၄ ဂိုးနဲ့လည်းကောင်း၊၂၀၁၅ ခုနှစ်မှာ ၀-၄ ဂိုးနဲ့လည်းကောင်း၊ယခု ၂၀၁၇ ခုနှစ်မှာ ၀-၃ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုဝ-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီသွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမှာလည်း လာလီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် ရီးရဲမက်ဒရစ်အသင်းဖက်ကို ၁၇ ဂိုး အထိ သွင်းယူပြီး ဂိုးအများဆုံး သွင်းယူထားခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video