AD
AD
AD

စပိန်ကလပ် ဗလင်စီယာအသင်းရဲ့ နည်းပြ မာဆယ်လီနိုအတွက်ကတော့ ခရစ္စမတ် အိမ်အပြန်ခရီးက မသာယာခဲ့ပါဘူး။

play

 

ဗီလာရီးရဲအသင်းကို အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ခရစ္စမတ် အားလပ်ရက်ရချိန်မှာ အများနည်းတူ အိမ်ကိုပြန်ခဲ့ပေမယ့်လည်း ကံအကောင်းအကြောင်းမလှစွာ ဆေးရုံကိုသာ အရင်သွားခဲ့ရပါ တယ်။

အကြောင်းကတော့ ဘီဘာအိုက ပြန်တဲ့ လမ်းခရီးမှာ တောဝက်တစ်ကောင်က ကားလမ်းဖြတ်ကူးချိန် ၀င်တိုက်မိခဲ့လို့ ဒဏ်ရာရရှိခဲ့ကာ အိမ်မရောက်မီ ဆေးရုံမှာဆေးကုသမှု အရင်ခံယူခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ သတင်းကိုတော့ ဗလင်စီယာအသင်းက တရားဝင် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး -“ဒီမနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကား အက်စီးဒင့်မှာ နည်းပြ မာဆယ်လီနို တစ်ယောက် ပါဝင်ခဲ့လို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရ ပါတယ်။ဖြစ်စဉ်ကတော့ လမ်းဖြတ်ကူးတဲ့ တောဝက်တစ်ကောင်ကို မမြင်မိပဲ တိုက်မိခဲ့ရာမှ ဒဏ်ရာအနည်းငယ် ရရှိခဲ့တာ ဖြစ်ပါတယ်။” လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗလင်စီယာအသင်းအနေနဲ့ လက်ရှိမှာ ဗီလာရီးရဲအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး လာမယ့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD