AD
AD
AD

နှစ်သစ်ကူး ကာလကို ရောက်လာပြီဖြစ်လို့ ဥရောပဘောလုံးရာသီဟာ တစ်ဝက်ကျိုးချိန် ရောက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေဆိုရင် ၁၈ ပွဲစီကစားပြီးကြပြီဲဖြစ်ပြး ဘောက်ဆင်ဒေးနေ့ အပြီးမှာ ရာသီတစ်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်ဥရောပဘောလုံးရာသီရဲ့ ထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာ တူညီနေတာ တစ်ခုကတော့ ထိပ်ဆုံးက  အသင်းတွေအားလုံး ကျန်အသင်းတွေကို အမှတ်သိသိသာသာ ဖြတ်ထားနိုင်တာပါပဲ။ ရာသီဝက် မကုန်ခင်မှာတင် ဥရောပထိပ်သီးလိဂ်အသီးသီးမှာ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ အဖြေထွက်နေပြီလို့ ဆိုနိုင်ပါတယ်။

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီစတဲ့အသင်းတွေအားလုံးဟာ လိဂ်အသီးသီးမှာ အမှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ အသင်းတွေဖြစ်ပါတယ်။

ပရီးမီးယားလိဂ်

play

 

၁၈ ပွဲကစားပြီးနောက် မန်စီးတီးဟာ ဒုတိယနေရာက မန်ယူအသင်းကိုတောင် ၁၃ မှတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။ မန်စီးတီးက နိုင်ပွဲဆက်ချိန်မှာ မန်ယူကို လက်စတာကို သရေကျခဲ့လို့ အမှတ်ဟာ ပိုပြတ်သွားခဲ့ရပါတယ်။ ၁၃ မှတ်ကွာဟတယ်ဆိုတာဟာ မန်စီးတီးအနေနဲ့ နောက်ထပ်ရာသီဝက်မှာ လေးပွဲလောက် ရှုံးခွင့်ရှိသေးတယ်ဆိုတဲ့ အဓိပါယ်ပါပဲ။ မန်စီးတီးလေးပွဲရှုံးပြီး မန်ယူနဲ့ ချယ်လ်ဆီးတို့က ပွဲတိုင်းနိုင်ရင်တောင်မှ မမီနိုင်သေးပါဘူး။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတဲ့ ပရီးမီးယားလိဂ်ဟာ ရာသီဝက်မကျိုးခင်ကတည်းက ချန်ပီယံအသင်းကို ခန့်မှန်းလို့ ရနေပြီလို့ ဆိုနိုင်ပါတယ်။

ပြင်သစ်လီဂူး

play

 

လီဂူး(၁) ကလည်း နည်းနည်းတော့ ပျင်းစရာကောင်းနေပါပြီ။ ၁၉ ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးက ပီအက်စ်ဂျီက ရမှတ် ၅၀ ရထားပြီးပါပြီ။ ဒုတိယနဲ့ တတိယနေရာက မိုနာကိုနဲ့ လီယွန်တို့က ၄၁ မှတ်ဆီဖြစ်လို့ ကိုးမှတ်ကွာဟနေပါတယ်။ လက်ရှိပီအက်စ်ဂျီရဲ့ တည်ငြိမ်မှု၊ အစုအဖွဲ့နဲ့ဆိုရင် လီဂူးချန်ပီယံဟာ သူတို့အသင်းဆိုတာ သေချာသလောက်ပါပဲ။

လာလီဂါ

play

 

အယ်လ်ကလက်စီကိုပွဲအပြီးမှာ လာလီဂါရဲ့ ပြိုင်ဆိုင်မှုအရှိန်ဟာ ပရိသတ်တွေကိုမချင့်မရဲ ဖြစ်သွားစေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို သုံးဂိုးပြတ် ရှုံးပြီးနောက်မှာ အမှတ်ကွာဟမှုက ပိုပြီးကြီးမားသွားပါတယ်။ အခုဆိုရင် ရီးရဲလ်မက်ဒရစ်က တစ်ပွဲလျော့ ကစားထားတယ်ဆိုပေမယ့် အဆင့်-၄ နေရာမှာ ရပ်တည်နေရပြီး ဘာစီလိုနာနဲ့ ၁၄ မှတ်တောင်ကွာနေပါပြီ။ ဘာစီလိုနာက ၁၇ ပွဲကစားအပြီးမှာ ဒုတိယနေရာက အသလက်တီကိုအသင်းကို ကိုးမှတ် ဖြတ်ထားပါတယ်။

ဘွက်စ်လီဂါ

play

 

တစ်ကျော့ပြန်နည်းပြပြီး ယက်ဟေးနက်စ်ရဲ့ လက်အောက်မှာ ဘိုင်ယန်ကလည်း ပြိုင်ဘက်မရှိပဲ ဘွန်ဒက်စ်လီဂါမှာ မင်းမူနေဆဲပါ။ တချို့နှစ်တွေမှာ ရှော်လ်ကေး၊ ဒေါ့မွန်တို့ရဲ့ တည်ငြိမ်မှုကြောင့် ဘိုင်ယန်က အမှတ်သိပ်ဖြတ်လို့ မရခဲ့ပါဘူး။ ဒီနှစ်မှာတော့ ၁၇ ပွဲကစားပြီးချိန်မှာ ဘိုင်ယန်က ဒုတိယနေရာက ရှော်လ်ကေးအသင်းကို ကိုးမှတ်ဖြတ်ထားလိုက်ပါပြီ။ တတိယနေရာက ဒေါ့မွန်ကတော့ ၂၈ မှတ်ရထားပြီး ဘိုင်ယန်နဲ့ ၁၃ မှတ်ကွာနေပါတယ်။

အနှစ်ချုပ်

ပြောစရာအဖြစ်ဆုံးကတော့ ပရီးမီးယားလိဂ် ဖြစ်ပါတယ်။ ရာသီဝက်မှာ ၁၃ မှတ်ဖြတ်ထားလိုက်ပြီဖြစ်လို့ မန်စီးတီးဟာ ဂွါဒီယိုလာလက်ထက်မှာ ပထမဆုံးလိဂ်ချန်ပီယံ ဖြစ်ဖို့အတော်လေး သေချာသွားပါပြီ။ ၁၈ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိသေးပဲ အဲဗာတန်နဲ့ တစ်ပွဲသာ သရေရှိထားတဲ့ မန်စီးတီးဟာ ဒီရာသီမှာတော့ ပြိုင်ဘက်မရှိဖြစ်နေပါပြီ။ အခြားလိဂ်တွေက စောင့်ကြည့်ချင်စရာ ဖြစ်နေသေးပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကတော့ နှစ်သစ်ကူးမတိုင်ခင်မှာပဲ ပြီးဆုံးသွားပြီလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

play

 

ဒါပေမယ့် ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့၊ ဖြစ်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့လို့ ရာသီကုန်အထိ စောင့်ကြည့်ရမှာ ပရိသတ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ အနည်းဆုံးတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေဟာ ဒုတိယရာသီဝက်မှာ ဆွဲဆောင်မှု ဖြစ်လာဦးမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD