AD
AD
AD

ပြင်သစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေးက ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

ဒီဆုကိုတော့ ကန်တေအနေနဲ့ ပီအက်ဂျီတိုက်စစ်မှူး ဘတ်ပေးနဲ့ ရီးရဲတိုက်စစ်မှူး ဘန်ဇီးမားတို့ကို ကျော်ဖြတ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် ကန်တေမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ပြင်သစ်ကလပ် Boulogne Fc အသင်းမှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မှာတော့ လက်စတာစတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅.၆ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။

အဲ့နောက် လက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်မှာတော့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းနဲ့ ထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။ချဲလ်ဆီးအသင်းနဲ့လည်း ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဆုဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ ကန်တေးအနေနဲ့ ပထမဆုံး မတူညီတဲ့ကလပ်အသင်းနှစ်သင်းနဲ့ ပရီးမီးယားလိဂ်ဖလားကို နှစ်နှစ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမား လည်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်ခဲ့တဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြန်ပါသေးတယ်။

ယခုအခါမှာတော့ ၂၀၁၇ ခုနှစ်အတွက် ပြင်သစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့ပြန်ပါပြီ။ယခုဆုကို မဆွတ်ခူးခင်က ဘလွန်းဒီအောဆု ဆန်ကာတင်စာရင်း အယောက် ၃၀ မှာ ပါဝင်နိုင်ခဲ့ပြီး အဆင့် ၈သတ်မှတ်ခြင်းခံထားခြင်း ခံရသူလည်း ဖြစ်ပါ တယ်။

ပြင်သစ် တစ်နှစ်တာ အကောင်းဆုံးဆုရဲ့ လက်ရှိ ပိုင်ရှင်ကတော့ အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဂရုဇ်မန်းဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD