AD
AD
AD

ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ကို ခေါ်ယူနိုင်ဖို့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းအနေနဲ့ အလွန်နီးစပ်နေပြီဖြစ်တယ်လို့ သ တင်းတွေ ထွက်ပေါ်နေပါတယ်။

play

 

ဗန်ဒိုက်မှာ ဘာစီလိုနာအသင်းက အသင်းရဲ့ ကစားသမား မာရှေယာနိုနဲ့ တိုက်ရိုက်အလဲအလှယ် ပြုလုပ်ဖို့ ရည်ရွယ်ထားသူဖြစ်ပေမယ့်လည်း မန်စီးတီးအသင်းက ပေါင် သန်း ၆၀ခန့်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ပွဲဆက်စံချိန်များနဲ့ ခရီးဆက်နေပေမယ့်လည်း နောက်ခံလူများဒဏ်ရာပြဿများနဲ့ ရင်ဆိုင်နေရပြီး ကွန်ပနီ၊ဂွန်စတုန်း၊မန်ဂါလာ တို့ကို လက်လွှတ်ဆုံးရှုံးထားရတဲ့ မန်စီးတီးအသင်းအနေနဲ့ ယခုလို ဗန်ဒိုက်ကိုခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်

ယခုခေါ်ယူမယ့် ဗန်ဒိုက်ကို ချဲလ်ဆီး လီဗာပူးတို့ကလည်း အပြိုင်စိတ်ဝင်စားနေပေမယ့် မန်စီးတီးအနေနဲ့ ခေါ်ယူနိုင်ရေး နီးစပ်နေတာဖြစ်တယ် လို့ သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗန်ဒိုက်အနေနဲ့ လက်ရှိအချိန်မှာ ဆောက်သမ်တန်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ၎င်းရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး နည်းပြ ပယ်လီဂရီနိုက အတည်ပြု မှတ်ချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Source- AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD