AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမား ကာဗာဂျယ်ဟာ ပြီးခဲ့တဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံးကြိုးစားပြီး လာလီဂါချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ပေါ်လင်ဟို ခေါင်းတိုက်သွင်းယူခဲ့တဲ့ဘောလုံးကို လက်နဲ့ပုတ်ထုတ်ကာကွယ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဘာစီလိုနာအသင်းကို တစ်ယောက်လျော့နဲ့ နောက်ထပ်ဂိုးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။

play

 

"အဲဒါက အရမ်းခက်ခဲပါတယ်။ အဲဒီလို အရမ်းအရေးကြီးတဲ့ပွဲမျိုး ကစားနေချိန်မှာ ခင်ဗျားစိတ်ထဲမှာ အမြဲတမ်း ပူပင်နေမှာပါ။ အဲဒီပွဲက အရှုံးဟာ အရမ်းကို ကြမ်းတမ်းခက်ခဲတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အရမ်းကို ထူးခြားဆန်းကြယ်တဲ့နှစ်တစ်နှစ်ရဲ့အဆုံးမှာ ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် ၆ လ ဆက်ပြီး ယှဉ်ပြိုင်ဖို့ရှိနေပါသေးတယ်။ ကျွန်တော်တို့အားလုံး ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်"

"ကျွန်တော်တို့ လာလီဂါချန်ပီယံဆုကို မဆုံးရှုံးသေးသလို ဘာစီလိုနာအသင်းကလည်း အနိုင်မရသေးပါဘူး။ ကျွန်တော်တို့ကြားထဲမှာ ၁၄ မှတ် ကွာဟနေတယ်ဆိုပေမယ့် ကျန်တဲ့ပွဲစဉ်တွေမှာ အမှတ်တွေမဆုံးရှုံးအောင် ကျွန်တော်တို့ ကစားသွားမှာပါ။ ကျွန်တော်တို့ လာလီဂါဖလားကို ကိုင်မြှောက်နိုင်မလား၊ မကိုင်မြှောက်နိုင်ဘူးလားဆိုတာကို မေလကျမှ သိရမှာပါ။ ဒီဇင်ဘာမှာ ရှုံးနိမ့်တာက လာလီဂါဖလားကို ဆုံးရှုံးသွားတာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD