ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမား ဒိုင်ဘာလာအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

play

 

ဒိုင်ဘာလာအနေနဲ့ ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေမှုကြောင့် မပျော်မရွှင်ဖြစ်နေပြီး ယခု ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကစားသမားကို မန်ယူအသင်းက ယူရို ၆၈ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း ယခုအခါ ဂျူဗင်တပ်အသင်းက ယူရို သန်း ၁၅၀ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့လည်း ကွင်းလယ်ဖန်တီးရှင် ပေါ့ဘာကို ခေါ်ယူအပြီးမှာ နောက်ထပ် ကွင်းလယ်ကစားသမား အဖြစ် ဒိုင်ဘာလနဲ့ အာဆင်နယ်အသင်းမှ အိုလ်ဇေးတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒိုင်ဘာလာကို မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင်ရေး ထပ်မံ ကြိုးစားသွားအုံးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာ လည်း ဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video