လိုက်ဘေးရီးယားနိုင်ငံရဲ့ သမ္မတသစ်ရွေးကောက်ပွဲမှာတော့ ဂျော့ခ်ျဝီယာက အနိုင်ရရှိခဲ့ပါတယ်။

play

 

၎င်းဟာ တစ်ချိန်က အေစီမီလန်၊မန်စီးတီးနဲ့ ချဲလ်ဆီးအသင်တို့မှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးဖြစ်လို ဖီဖာ ဘလွန်းဒီအောဆုကိုလည်း ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

play

 

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကို ၎င်းရဲ့ ကိုယ်ပိုင် တွစ်တာအကောင်းကနေတဆင့် ကိုင်တိုင်ကြေညာခဲ့တာ ဖြစ်ပြီး လိုက်ဘေးရီးယားရဲ့ ပထမ ဆုံး အမျိုးသမီး သမ္မတ အယ်လန်ဂျွန်ဆင်ရဲ့ နေရာမှာ ဆက်ခံရမှာလည်း ဖြစ်ပါတယ်။

play

 

ဂျောခ်ျဝီယာအနေနဲ့ သမ္မတ ရွေးကောက်ပွဲကို ၂၀၀၅ ခုနှစ်က တစ်ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့်လည်း နိုဘယ်ဆုရှင် အယ်လန်ဂျွန်ဆင် ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာတော့ ပြိုင်ဘက် လက်ရှိ ဒုသမ္မတဂျော်ဆပ် ဘိုခိုင်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျော့ခ်ျဝီယာမှာ ကစားသမားဘ၀တစ်လျှောက် ဖီဖာက ပေးအပ်တဲ့ ဘလွန်းဒီအောဆုကို အာဖရိကတိုက်မှ ပထမဆုံးကစားသမားအဖြစ် ၁၉၉၅ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သလို အာဖရိက အကောင်းဆုံး ကစားသမားဆုကိုလည်း ၃ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

ဂျော့ခ်ျဝီယာမှာ ကစားသမားသမားဘ၀တစ်လျှောက် မိုနာကို၊ပီအက်ဂျီ၊အေစီမီလန်၊မန်စီးတီး၊ချဲလ်ဆီးနဲ့ မာဆေးလ်အသင်းတို့မှာ ပါဝင်ကစားခဲ့ ဖူးပြီး သမ္မတဖြစ်လာချိန်မှာတော့ အသက် (၅၁)နှစ်ရှိနေပြီ ဖြစ်ပါတယ်။

ဂျော့ခ်ျဝီယာမှာ လိုက်ဘေးရီးယားရဲ့ ၂၅ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video