၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မိမိရဲ့ မန်စီးတီးအသင်း ဗိုလ်စွဲဖို့ ရေပန်းစားနေတယ်ဆိုတာကို နည်းပြ ဂွါဒီယိုလာက ငြင်းပယ်ခဲ့ပါတယ်။

play

 

နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ ၁၈ ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ကာ ရာသီဝက် ချန်ပီယံဖြစ်နေတဲ့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပထမဆုံးအကြိမ် ဗိုလ်စွဲဖို့ ရေပန်းစားလာတာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း နည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းထက် မက်ဆီရှိနေတဲ့ ဘာစီလိုနာအသင်းကသာလျှင် ယခုချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ ပိုမို များတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

မီဒီယာတွေရဲ့ ထောက်ပြမေးမြန်းမှုကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက-" ကျွန်တော်ဖြေဖို့ထက် အရင်ဆုံးမေးချင်ပါတယ်။အဲ့ဒါက အခုလက်ရှိ မက် ဆီက ဘယ်အသင်းမှာ ကစားနေတာလဲ ဆိုတာသိချင်ပါတယ်။" လို့ ပြန်လည်မေးမြန်းမှုပုံစံမျိုးနဲ့ သွယ်ဝိုက် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘေဆယ်ကလပ်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video