AD
AD
AD

မကြာခင်အချိန်အတွင်းမှာ ၂၀၁၈ နှစ်သစ်ကို ကူးပြောင်းတော့မှာဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ အားကစားလောကအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်လည် သုံးသပ်နိုင်ဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

ဇန်နဝါရီ ၂၉- ၁၀၅ ကြိမ်မြောက်အမျိုးသား သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ရော်ဂျာဖက်ဒါရာက ရာဖေးနာဒယ်ကို အနိုင်ယူပြီး ၁၈ ကြိမ်မြောက် ဂရန်းစလန်းဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

play

 

ဖေဖော်ဝါရီ ၂- နယူးယောက်စီးတီးအသင်းမှာ ကစားနေတဲ့ ချယ်ဆီးဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း လမ်းပတ် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

play

 

မတ် ၃- ပြင်သစ်လက်ရွေးစင်ဟောင်းနဲ့ရီးရဲမက်ဒရစ်ကစားသမားဟောင်း ရေမွန်ကိုပါ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

play

 

မေ ၁၇- လီဗာပူးအသင်းရဲ့တိုက်စစ်မှူးဟောင်း ဖီယင်နုအသင်းရဲ့တိုက်စစ်မှူးဒဲ့ကောက်ခ်ျ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

play

 

မေ ၂၀- ဘိုင်ယန်မြူးနစ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဇာဗီအလွန်ဆိုနဲ့ ဖိလစ်လမ်းတို့ နှစ်ဦးစလုံး အနားယူကြောင်း ကြေညာခဲ့ပါတယ်။

play

 

မေ ၂၁- ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားကို ချယ်ဆီးအသင်း ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

မေ ၂၅- အေဂျက်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

မေ ၂၇- အာဆင်နယ်က ချယ်ဆီးကို ဝင်ဘလေကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး FA ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

ဇူလိုင် ၅- အာဆင်နယ်အသင်းက အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လိုင်ယွန်အသင်းတိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူခဲ့ပါတယ်။

play

 

ဇူလိုင် ၈- အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး လူကာကူကို မန်ချက်စတာယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

play

 

ဇူလိုင် ၉- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဝိန်းရူနီ မိခင်အသင်းအဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

play

 

ဇူလိုင် ၁၄- တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ညာနောက်ခံကစားသမား ကိုင်လီဝေါ်ကာကို မန်ချက်စတာစီးတီးအသင်းက ပေါင် ၅၄ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

play

 

ဇူလိုင် ၂၀- ရိုးမားအသင်းရဲ့တိုက်စစ်မှူး တော့တီ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

play

 

ဇူလိုင် ၂၁- ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး မိုရာတာကို ချယ်ဆီးအသင်းက ပေါင် ၅၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

play

 

ဇူလိုင် ၂၄- မန်ချက်စတာစီးတီးအသင်းဟာ မိုနာကိုအသင်းရဲ့နောက်ခံကစားသမား ဘင်ဂျမင်မန်ဒီကို ပေါင် ၅၂ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

play

 

သြဂုတ် ၁- ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

play

သြဂုတ် ၃- ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၆၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

play

 

သြဂုတ် ၅- ဂျမေကာနိုင်ငံသား အူစိန်ဘော့ဟာ ၂၀၁၇ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူကြောင်းကြေညာခဲ့ပါတယ်။

play

 

သြဂုတ် ၂၇- မက်ဂရီဂေါ်ကိုအနိုင်ယူပြီး မေဝယ်သာ ပွဲ ၅၀ ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပါတယ်။

play

 

သြဂုတ် ၃၁- အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား ချန်ဘာလိန်ကို လီဗာပူးအသင်းခေါ်ယူနိုင်ခဲ့ပါတယ်။

play

 

သြဂုတ် ၃၁- အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ မိုနာကိုအသင်းရဲ့လူငယ်တိုက်စစ်မှူး ဘတ်ပီ ပီအက်စ်ဂျီအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

play

 

စက်တင်ဘာ ၁၈- အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ဝိန်းရူနီ အရက်မူးပြီးကားမောင်းခဲ့တာကြောင့် ကားမောင်းနှင်ခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပြီး လူမှုရေးလုပ်ငန်းတွေမှာ လုပ်အားပေးဖို့ ပြစ်ဒဏ်ချခံခဲ့ရပါတယ်။

play

 

နိုဝင်ဘာ ၂၄- ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီ ဥရောပရွှေဖိနပ်ဆုကို ၄ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၇- ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုက ၅ ကြိမ်မြောက်ဘလွန်းဒီအော်ဆုကို ရရှိသွားခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၁၇- ဂရီမီယိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ရီးရဲမက်ဒရစ်အသင်း ဖီဖာကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၁၈- ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း ကာကာ ကစားသမားဘဝကနေ အပြီးအပိုင် အနားယူကြောင်း ကြေညာခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၁၉- မာကာသတင်းဌာနကပေးအပ်တဲ့ ပီချီချီဆုနဲ့ အယ်ဖရက်ဒီစတီဖာနိုဆုကို မက်ဆီ ရရှိခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၂၇- ဆောက်သမ်တန်အသင်းရဲ့နောက်ခံကစားသမား ဗန်ဒိုက် လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD