ဘာစီလိုနာအသင်းရဲ့ ဂန္တ၀င်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဗီက နည်းပြဟောင်း ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းမှ ကစားသမား ဒီဘရိုင်းကို မန်စီးတီးအသင်းရဲ့ မက်ဆီလို့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းရဲ့ ယခုနှစ်ရာသီ ပြိုင်ပွဲတွေမှာ ဒီဘရိုင်းရဲ့ ပါဝင်ပက်သက်မှုက ဘာစီလိုနာမှာ မက်ဆီ အရေးပါသလိုပဲလို့ မြင်မိတာကြောင့် ယခုလိုမျိုးထုတ်ဖော်ပြောခဲ့ရခြင်းဖြစ်တယ်လို့ ဇာဗီက ထုတ်ဖော်ပြောခဲ့ပါတယ်။

"ယခုနှစ်မှာ မန်စီးတီးအသင်းရဲ့ ၁၈ ပွဲဆက်အနိုင်မှာ ဒီဘရိုင်းက အရေးပါဆုံး ကစားသမားလို့ မြင်မိပါတယ်။ဘာလို့ပြောရလဲဆိုရင် ဘရိုင်း ဘောလုံးကို ထိလိုက်တဲ့အချိန်တိုင်းမှာ တစ်ခုခုကို လုပ်ပြနိုင်တော့မယ်လို့ စိတ်ထဲကနေ ထင်မိစေတဲ့အထိကို ဖြစ်စေခဲ့လို့ပါပဲ။" လို့ ဇာဗီက ထုတ် ဖော်ပြောခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကစားဟန်ကို ပုံတူပွားကစားနေတာဖြစ်ပြီး ယခုနှစ်မှာ အကောင်းဆုံးပုံစံပြနေတာကလည်း နည်းပြ ဂွါဒီယိုလာကြောင့်လို့ ထပ်မံပြောခဲ့ပါသေးတယ်။

ဒီဘရိုင်းအနေနဲ့ ၂၀၁၇ ခုနှစ်တစ်နှစ်အတွင်းမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူထားနိုင်ပေမယ့်လည်း မန်စီးတီး အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် အဓိက ပါဝင်ကစားနေရသူလည်း ဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video