ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ မိမိတန်ဖိုးကို ပေါင် ၈၉ သန်းအထိ လျှော့ချပေးဖို့ ဆန္ဒရှိနေပြီး လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို ၂၀၀၉ ဘောလုံးရာသီမှာ စတင်ရောက်ရှိခဲ့ပြီး ၈ နှစ်ကြာ အသင်းနဲ့အတူ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး သတင်းတွေအရ ဥက္ကဌ ပီးရက်ဇ်နဲ့ စကားပြောဆိုခြင်းမရှိတော့ဘဲ ဘာနေဗျူးကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

play

 

ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ရီးရဲဥက္ကဌပီးရက်ဇ်အနေနဲ့ လစာတိုးပေးဖို့ ကတိပေးခဲ့တဲ့အတိုင်း တိုးပေးဖို့ ယုံကြည်နေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကလည်း ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီက ချုပ်ဆိုခဲ့တဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ်ဟာ ရော်နယ်ဒိုကို ကျေနပ်စေမယ်လို့ ယုံကြည်နေပြီး ရော်နယ်ဒိုအနေနဲ့ မကြာသေးမီက ကြီးမားတဲ့လစာပမာဏနဲ့ စာချုပ်သစ်တွေချုပ်ဆိုခဲ့ကြတဲ့ မက်ဆီ၊ နေမာတို့ထက် လစာပိုများချင်နေတာဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၈၈၇ သန်းအထိရှိနေတာကြောင့် ရီးရဲမက်ဒရစ်အသင်းက ရောင်းချမှ ဒါမှမဟုတ် စာချုပ်သက်တမ်း ကုန်ဆုံးမှသာ အသင်းက ထွက်ခွာခွင့်ရမယ့် အခြေအနေဖြစ်နေတာဖြစ်ပါတယ်။ Daily Record ရဲ့ရေးသားချက်အရ ရော်နယ်ဒိုဟာ မိမိရဲ့တန်ဖိုးကို ပေါင် ၈၉ သန်းလောက်ထိ နှိမ့်ချပေးဖို့ အသင်းကို ပြောခဲ့ပြီး အဲဒီလိုပြုလုပ်မှသာ မိမိကို ခေါ်ယူချင်တဲ့အသင်းတွေ ကမ်းလှမ်းလာမှာဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့ရမယ်ဆိုရင် မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေပြီး ဆရာဟောင်းဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန် အနားမယူမီကာလကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လာဖို့ စီစဉ်ခဲ့ဖူးသူဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video