AD
AD
AD

ပီအက်ဂျီအသင်းမှ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီက အသင်းဖော် ဘရာဇီး ကစားသမား နေမာနဲ့ မပြေလည်မှုတွေ မရှိပဲ နှစ်ဦးကြားမှာ ကောင်း မွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ကာဗာနီက ပြောခဲ့ရာမှာတော့ -" ကျွန်တော် ပီအက်ဂျီအသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။နောက်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလားကို လည်း ရယူချင်ပါသေးတယ်။ဒါ့အပြင် အသင်းဖော် နေမာနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး။" လို့ ပြောခဲ့ပါတယ်။

play

 

တိုက်စစ်မှူး နေမာအနေနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ဘာစီလိုနာအသင်းက ရောက်ရှိလာတာဖြစ်ပြီး လိုင်ယွန်အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်ဖို့ အသင်းဖော် ကာဗာနီနဲ့ စကားများခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စဖြစ်ပွားပြီးနောက် အားကစားရပ်ဝန်းအတွင်း ၎င်းတို့နှစ်ဦးအကြား ပြဿနာ ဖြစ်ပွားနေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့မှုအပေါ် -" ကျွန်တောတို့က ပရော်ဖက်ရှင်နယ်တွေပါ။ကျွန်တ်ာတို့ရဲ့သွင်းဂိုးတွေကလည်း အသင်းလိုက်ကစားအားနဲ့ ရလာတာပါ။အသင်းပရိသတ်အကုန်လုံး သူရောက်လာတာ ကျေနပ်ပျော်ရွှင်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။လူတွေကြားထဲမှာ ပြဿနာတွေ ရှိနေတတ်ကြပါတယ်။တစ်ကယ် တော့ ဒါဟာ တိကျသေချာတဲ့ အကြောင်းအရာတစ်ခုကိုမချပြနိုင်လို့ ဖြစ်နေတာပါ။ကျွန်တော်တို့ကြားမှာတော့ အားလုံးပွင့်ပွင့်လင်းလင်းပါပဲ။ " လို့ ကာဗာနီက ထုတ်ဖော်ပြောခဲ့ပါတယ်။

ကာဗာနီမှာ ၂၀၁၃ ခုနှစ်က နာပိုလီအသင်းကနေ ပီအက်ဂျီအသင်းကို ရောက်ရှိလာသူဖြစ်ပြီး အသင်းနဲ့အတူ သွင်းဂိုး ၁၅၅ ဂိုးအထိသွင်းယူထား နိုင်ပါတယ်။

Soure- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD