ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ ယနေ့မှာတော့ အသင်းဟောင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တရားဝင် ပြန်လည်လက်တွဲခဲ့ပြီဖြစ်ပါတယ်။

play

 

အက်လသက်တီကိုမက်ဒရစ်အသင်းဟာ ကစားသမားခေါ်ယူခွင့်ကို ၂၀၁၈ ဇန်နဝါရီအထိ ပိတ်ပင်ခံထားရတာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ ဒီယေဂိုကော်စတာကို တရားဝင်ခေါ်ယူခွင့်မရခဲ့ဘဲ ကော်စတာအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ လေ့ကျင့်ရေးတွေ ပြုလုပ်ပြီး အသင်းနဲ့လက်တွဲဖို့ စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်။

play

 

"ဒီနေ့ကို ရောက်ဖို့ ကျွန်တော် အကြာကြီးစောင့်ခဲ့ရပါတယ်။ ကျွန်တော် ပြင်းပြင်းထန်ထန်ကြိုးစားပြီး လေ့ကျင့်ခဲ့ပါတယ်။ နောက်ထပ် လုပ်စရာ ဘာမှမရှိတော့ပါဘူး။ ကျွန်တော့်အတွက် ကစားဖို့ပဲလိုတော့တယ်။ လေ့ကျင့်ရေးလုပ်ရတာကို ပျင်းနေပါပြီ"

"ကျွန်တော်ဒီကို ပြန်ရောက်ခါစကထက်စာရင် ပိုပြီးကောင်းမွန်လာပါပြီ။ ကျွန်တော် ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ထားပြီး အသင်းအတွက် အကူအညီဖြစ်အောင် ဂိုးတွေ သွင်းယူပေးဖို့ ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင် ၅၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁၈ နှစ်ကြာဝေးကွာနေတဲ့ လာလီဂါဖလားကို ရယူပေးခဲ့သူလည်းဖြစ်ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video