ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဒဲလ်အယ်လီကို ခေါ်ယူဖို့ အသင်းကို တရားဝင်ပြောကြားခဲ့တယ်လို့ Diario Gol ရဲ့ ရေးသားချက်အရ သိရပါတယ်။

play

ဘာစီလိုနာအသင်းဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဒဲလ်အယ်လီကို ခေါ်ယူဖို့အတွက် စတင်ကြိုးပမ်းနေပြီဖြစ်ပြီး လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့လည်း သေချာသလောက် ရှိနေပြီလို့ သိရပါတယ်။

play

ဒဲလ်အယ်လီဟာ တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပေါ်ချက်တီနိုရဲ့ ကစားကွက်အတွက် အရေးပါတဲ့အစိတ်အပိုင်းကနေ ပါဝင်ကစားပေးနေတဲ့ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်း တိုက်စစ်မှူးမက်ဆီက ခေါ်ယူစေချင်တဲ့ ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့အဓိကအားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ကတော့ ကော်တင်ဟိုနဲ့ပတ်သက်တဲ့ ကောလာဟလတွေ တစ်ခုမှ စိတ်မဝင်စားဘူးလို့ ပြောကြားထားပါတယ်။

Source & Photos: 101

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video