ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ အနောက်ဂျာမနီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး ဂတ်မူလာရဲ့ ၃၉ နှစ်ကြာ စံချိန်တစ်ခုကို လီဗန်တေးနဲ့ပွဲစဉ်မှာ လိုက်မီခဲ့ပါတယ်။

play

 

တနင်္ဂနွေနေ့ညက လီဗန်တေးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို မက်ဆီက သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းအတွက် လာလီဂါသွင်းဂိုး ၃၆၅ ဂိုးမြောက်အဖြစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

ဒါကြောင့် မက်ဆီဟာ နှစ်ပေါင်း ၃၉ နှစ်ကြာ စံချိန်တင်ထားတဲ့ ဂတ်မူလာရဲ့ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၆၅ ဂိုးနဲ့ တူညီသွားခဲ့ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုအနက် အသင်းတစ်သင်းထဲမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

မက်ဆီဟာ ဂတ်မူလာသွင်းယူခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၃၆၅ ဂိုးစံချိန်ကို ဂတ်မူလာထက် ၂၇ ပွဲလျော့ပြီး လိုက်မီခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း မက်ဆီဟာ ရီးရဲမက်ဒရစ်အသင်းကို ဘာစီလိုနာအသင်းက ၅၂၆ ဂိုးမြောက်သွင်းယူခဲ့တဲ့ဂိုးကို သွင်းယူပေးခဲ့ပြီး ဂတ်မူလာရဲ့စံချိန်ဟောင်းတစ်ခုကို ချိုးဖျက်ခဲ့ပါသေးတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video