မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့  အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဂရုဇ်မန်းက တစ်ပတ်လုပ်ခ ပေါင် ၄သိန်းအထိ လိုချင်တယ် လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ဒါပေမယ့်လည်း အဆိုပါ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ မန်ယူနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ သဘောတူညီမှု ရရှိထားကာ လာမယ့် နွေရာ သီ အပြောင်းအရွှေ့မှာ ရောက်ရှိလာဖို့ ရှိတယ်လို့ သတင်းထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်  မန်ယူအသင်းနဲ့ သဘောတူညီထားမှု အရ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်းသာ ပေးချေသွားမှာ ဖြစ်ပြီး ဂရုဇ်မန်းက နေက် ထပ် တစ်သိန်း ထပ်မံ ရရှိလိုတယ်လို့ ထုတ်ဖော်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ဖွယ်ရှိနေတယ်လို့ သတင်းတွေကလည်း ထွက်ပေါ်လာခဲ့ပေမယ့် မန်ယူဖက်က လာတဲ့ သတင်းများအရ မန် ယူနည်းပြ မော်ရင်ဟိုအနေနဲ့ လာမယ့်နှစ်ရာသီမှာ မိမိစိတ်ကြိုက် ကစားသမားခေါ်ယူခွင့်မရပါက စာချုပ်သစ်ချုပ်ဆိုသွားမှာ မဟုတ်ဘူးလို့ သိရ တဲံ အတွက် မော်ရင်ဟိုကို ဆက်လက်ခန့်ထားချင်ပါက မောင်ရင်ဟို ခေါ်ယူချင်တဲ့ ကစားသမားကို ခေါ်ယူခွင့်ပေးရဖို့လည်း ရှိနေတာ ဖြစ်ပါ တယ်။

အသက် ၂၆ နှစ်အရွယ် ဂရုဇ်မန်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းဝန်းကျင်နဲ့ ဆိုစီဒက်အသင်းကနေ အက်သ လက်တီကိုအသင်းထံ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ကလည်း အက်သလက် တိုက်စစ်မှူး ဂရုဇ်မန်းကိုအသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် ခေါ်ယူချင်နေတာလည်း ဖြစ်တာကြောင့် တစ်ပတ်လုပ်ခ ပေါင် ၄သိန်းပေးကာ ဂရုဇ်မန်းကိုခေါ်ယူပေးမလား မော်ရင်ဟိုနဲ့ပဲ လမ်းခွဲမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရတော့ မှာ ဖြစ်ပါတယ်။

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video