ဒဏ်ရာပြဿနာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ဆယ်တာဗီဂိုအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။

play


ရီးရဲမက်ဒရစ်အသင်းဟာ ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၆ မှတ်အထိ ကွာဟခဲ့ပြီး အသင်းရဲ့အားထားရတဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီမှာ ခြေစွမ်းပိုင်း ကျဆင်းနေတာကို တွေ့ရပါတယ်။

play


ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ်လွဲချော်ခဲ့တာကို ယခုရာသီမှာ မကြာခဏ တွေ့မြင်နေခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ပရိသတ်တွေဟာ လူမှုကွန်ရက်တွစ်တာမှာ ရော်နယ်ဒိုကို စိတ်ပျက်ခဲ့ကြပြီး ဂါရတ်ဘေးလ်ကို ကယ်တင်ရှင်သဖွယ် ချီးကျူးခဲ့ကြပါတယ်။

play


ဂါရတ်ဘေးလ်ဟာ ဆယ်တာဗီဂိုအသင်းကို ၃၆ မိနစ်နဲ့ ၃၈ မိနစ်တို့မှာ နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ဆယ်တာဗီဂိုအသင်းရဲ့နောက်ကျချေပဂိုးကြောင့်သာ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video