ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ရီဘာရီဟာ ၂၀၁၃ ခုနှစ်က ဘလွန်းဒီအော်ဆုကို မိမိ ရရှိရမယ့်အစား တခြားလူတစ်ယောက်က ခိုးယူသွားခြင်းကို ခံခဲ့ရတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

play

 

ရီဘာရီက ယင်းနှစ်က ဘလွန်းဒီအော်ဆုကို ခရစ်စတီယာနိုရော်နယ်ဒို ရရှိသွားခဲ့တာ မမြင်နိုင်တဲ့အကြောင်းအရာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ရီဘာရီဟာ ၂၀၁၂ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ DFB-Pokal၊ DFB- Supercup တို့ကို ရရှိခဲ့ပြီး အအောင်မြင်ဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ၂၀၁၂ ဘောလုံးရာသီမှာ ရီးရဲအသင်းအတွက် Supercopa de Espana ဖလားတစ်လုံးတည်းသာ ရယူပေးနိုင်ခဲ့ပေမယ့် ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ရီဘာရီဟာ တစ်ဦးချင်းဆုတွေထဲမှာ အကြီးမားဆုံးဆုတစ်ခုဖြစ်တဲ့ ဘလွန်းဒီအော်ဆုအတွက် ရွေးချယ်ရာမှာ လစ်လျူရှုခံခဲ့ရပြီး ရော်နယ်ဒိုကိုသာ ရွေးချယ်ခဲ့ပြီး ဒုတိယနေရာကိုလည်း မက်ဆီက ရယူသွားခဲ့ပါတယ်။

"အဲဒီဆုကို ကျွန်တော့်ဆီက ခိုးယူသွားခဲ့တာပါ"

"အဲဒါဘာကြောင့်လဲဆိုတာကို မသိမြင်နိုင်ပါဘူး။ ကျွန်တော် ဆုဖလားတွေအားလုံးကို ရယူနိုင်ခဲ့တယ်။ အဲဒီထက်လည်း ပိုပြီး မလုပ်နိုင်တော့ဘူး။ အဲဒါက တရားမျှတမှုမရှိပါဘူး"

"ကျွန်တော့်ရဲ့မွေးရပ်တိုင်းပြည်က ကျွန်တော့်ဘက်က မရှိခဲ့ပါဘူး"

"ပြင်သစ်လူမျိုးတစ်ယောက်က ရော်နယ်ဒိုပဲ ဘလွန်းဒီအော်ဆုကို ရသင့်တယ်လို့ ပြောနေတာကို ကျွန်တော်ကိုယ်တိုင် ကြားခဲ့ရတယ်။ ပေါ်တူဂီလူမျိုးတွေသာဆိုရင် မက်ဆီ ဒါမှမဟုတ် ရီဘာရီပဲ ရသင့်တယ်လို့ ပြောနေမယ်ထင်လား။ အဲဒီလို ပြောမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရီဘာရီဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်း အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ဝေဖန်မှုတွေ အကြီးအကျယ်ခံခဲ့ရတဲ့အတွက် မိမိကို ခုတုံးလုပ်ပြီး အပြစ်တင်ခဲ့တယ်လို့ ခံစားနေရပါတယ်။ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ပြင်သစ်အသင်းသားတွေဟာ နည်းပြ ရေမွန်ဒိုမင်နစ်ကို ဆန္ဒပြတဲ့အနေနဲ့ အသင်းရဲ့ဘတ်စ်ကားထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

"၂၀၁၀ တုန်းက သူတို့အပြစ်တင်ဖို့အတွက် တစ်စုံတစ်ယောက်လိုအပ်ခဲ့ပါတယ်"

"ပြင်သစ်မှာရှိတဲ့လူတိုင်းက ပြဿနာကောင်က ကျွန်တော်လို့ ယုံကြည်ခဲ့ကြတယ်။ ကျွန်တော့်မိဘတွေကတောင် အဲဒီအထဲမှာ ပါခဲ့တယ်"

"ပြင်သစ်မီဒီယာအချို့ရဲ့လုပ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဒီအမာရွတ်က ကျွန်တော်နဲ့အမြဲအတူရှိနေမှာပဲ။ အဲဒါက အရမ်းများတယ်လေ"လို့ ပြောကြားခဲ့ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဘာရီဟာ ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video