AD
AD
AD

ဘာစီလိုနာအသင်းရဲ့ဘယ်နောက်ခံကစားသမားဟောင်း အဲရစ်အဘီဒယ်ဟာ မိမိအသည်းကင်ဆာရောဂါကို ခံစားနေရချိန်မှာ အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွစေဖို့ ဗီဒီယိုဖိုင်တွေ ရိုက်ကူးပြီး ပေးပို့ခဲ့ချိန်မှာ မက်ဆီရဲ့ မမျှော်လင့်ထားတဲ့တုန့်ပြန်မှုကြောင့် ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အဘီဒယ်ဟာ ဘာစီလိုနာအသင်းကို ၂၀၀၇ ခုနှစ်မှာ လိုင်ယွန်အသင်းကနေ စတင်ရောက်ရှိလာခဲ့တဲ့ကစားသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အသည်းကင်ဆာရောဂါကို ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ အဘီဒယ်ဟာ အရေးပေါ်ခွဲစိတ်မှု ခံယူပြီးနောက် ခြောက်ပတ်အကြာမှာ အသင်းထံ ပြန်လာခဲ့ပေမယ့် ကင်ဆာဝေဒနာကြောင့် ဘောလုံးနဲ့ တစ်နှစ်ကျော် ဝေးကွာနေခဲ့ပါတယ်။

play

 

ယင်းအချိန်မှာ အဘီဒယ်ဟာ မိမိကြောင့် အသင်းဖော်တွေ စိတ်ဓာတ်မကျစေလိုဘဲ စိတ်ဓာတ်တက်ကြွစေဖို့ ရည်ရွယ်ချက်နဲ့ မိမိကိုယ်ကို ဗီဒီယိုရိုက်ကူးပြီး အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွစေဖို့ အားပေးစကားတွေ ပြောကြားပြီး ပေးပို့ခဲ့ရာမှာ မက်ဆီက ယင်းကဲ့သို့ ဗီဒီယိုတွေ နောက်ထပ် မပို့ဖို့ ပြောကြားခဲ့ပါတယ်။

play

 

အဘီဒယ်ဟာ မိမိအနေနဲ့ ယင်းအချိန်က ခံစားခဲ့ရတဲ့ ခံစားချက်ကို မှတ်မိနေသေးကြောင်း Ma part d'ombre on Canal ကို ပြောကြားခဲ့ပါတယ်။

"အဲဒါက ကျွန်တော့်ဘဝမှာ အမြဲသတိရနေမယ့် နာကျင်စရာကိစ္စတစ်ခုပါပဲ။ အဲဒါက ဓားနဲ့ ထိုးခံရသလိုပဲ မခံနိုင်စရာကောင်းပါတယ်"

"ဆရာဝန်က ကျွန်တော့်အနေနဲ့ အရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ရမယ်လို့ ပြောတော့ ကျွန်တော် ပျော်သွားတယ်။ အဲဒါက ကျွန်တော် ဘယ်သူ့ကိုမှ ဆုမတောင်းပေးခဲ့ဖူးတဲ့ နာကျင်ခံစားရမှုတစ်ခုပဲ"

"ပွဲမတိုင်ခင်မှာ ကျွန်တော် အရမ်းပိန်နေတယ်။ ကျွန်တော် ဗီဒီယိုရိုက်ပြီး သူတို့ကို စိတ်ဓာတ်တက်ကြွစေဖို့နဲ့ သူတို့ကို အားပေးနေတယ်ဆိုတဲ့အကြောင်း ပို့ပေးခဲ့တယ်"

"အဲဒီလိုပို့လိုက်တဲ့အချိန်မှာ မက်ဆီက ဘာပြောလဲ သိလား။ အဲဒီလိုဟာမျိုးတွေ ငါတို့ဆီကို ထပ်မပို့ပါနဲ့တဲ့။ ဘာလို့လဲဆိုတော့ သူတို့ကို နာကျင်စေလို့ပါတဲ့"

"ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ ကျွန်တော်က သူတို့ကို အားပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို အလောင်းကောင်ကြီးလိုဖြစ်နေပြီး သူတို့ကို စိတ်မကောင်းဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အသင်းဖော်တွေနဲ့ ယင်းကဲ့သို့ ဖြစ်နေချိန်မှာ အသင်းဖော်တစ်ဦးဖြစ်တဲ့ အွန်နရီက မိမိကုသမှုခံယူနေတဲ့ ဆေးရုံကို လာရောက်လည်ပတ်ခဲ့တယ်လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

"သီယာရီ ကျွန်တော့်ကို လာတွေ့တဲ့အချိန်မှာ ကျွန်တော် ကလေးတစ်ယောက်လို ငိုခဲ့မိတယ်"

"ကျွန်တော့်ကို ဒီလိုပုံစံကြီးနဲ့ လာမတွေ့စေချင်ပါဘူး။ ဒါပေမယ့် သူအဲဒီလို လာကြည့်တာလည်း ကျွန်တော် ကြိုက်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အဘီဒယ်ဟာ အသည်းအစားထိုးကုသမှု ခံယူခဲ့ပြီး အိမ်မှာပဲ အနားယူခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ဘာစီလိုနာအသင်းဆီ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီး မိုနာကိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိုလံပီကာကော့စ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD