AD
AD
AD

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ တမူထူးခြားလှတဲ့ ဆံပင်ပုံစံကို ဖန်တီးခဲ့ပြီး အဲဒီဆံပင်ပုံစံဟာ ရုတ်ခြည်းဆိုသလို ထင်ရှားကျော်ကြားခဲ့ပါတယ်။ အဲဒီ ဆံပင်ပုံစံ ဘာလို့ထားခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ရော်နယ်ဒိုက အခုဆိုရင် ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

play

 

တောင်ကိုရီးယား နဲ့ ဂျပန်တို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ်ကာလအားဖြင့် အခုဆိုရင် (၁၆)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲမှာ ဂျာမနီ နဲ့ ဘရာဇီးလ်တို့ တွေ့ဆုံခဲ့ကြပြီး ဘရာဇီးလ်အသင်းက ရော်နယ်ဒို သွင်းယူတဲ့ ဒုတိယပိုင်းသွင်းဂိုး (၂) ဂိုးနဲ့အတူ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

play

 

" ကျွန်တော်ရဲ့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်၊ လူတိုင်းက အဲဒီအကြောင်းကိုပဲ ပြောနေခဲ့ကြတာပါ၊ အဲဒီနောက်မှာတော့ ဆံပင်ညှပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ခေါင်းပေါ်မှာ ဆံပင်နည်းနည်းလေးပဲ ထားဖို့ ရည်ရွယ်ခဲ့ပါတယ်၊ အသင်းရဲ့ လေ့ကျင့်ကွင်းကို အရောက်မှာတော့ ကျွန်တော့်ရဲ့ ဆိုးဝါးလှတဲ့ ဆံပင်ပုံစံကို အားလုံးမြင်ကြတော့တာပါပဲ" လို့ ရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။

play

 

" ကျွန်တော့်ဆံပင်ပုံစံအကြောင်းကိုပဲ သူတို့တွေပြောနေခဲ့ကြပြီး ကျွန်တော့်ဒဏ်ရာအကြောင်း သူတို့မေ့လျော့သွားကြပါတယ်၊ တော်တော်လေး စိတ်သက်သာရာရခဲ့ပြီးတော့ လေ့ကျင့်ကွင်းမှာ ကျွန်တော် အပြည့်အ၀အာရုံစိုက်နိုင်ခဲ့ပါတယ်" လို့ ဘရာဇီးလ် တိုက်စစ်မှူးကြီးက ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

play

 

" ဒီဆံပင်ပုံစံအတွက် ကျွန်တော် ၀ံ့ကြွားစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ အရမ်းကြီးထူးဆန်းနေလို့ပါ၊ ဒါပေမယ့် ကျွန်တော့် အတွက်တော့ စိတ်အပြောင်းအလဲတော့ ဖြစ်ခဲ့ရပါတယ်" လို့ ဒဏ်ရာအပေါ် စိတ်ဖိစီးနေမှုကို ရှောင်လွှဲနေခဲ့မှုအပေါ် ရော်နယ်ဒိုက ထပ်ပြောခဲ့ပါတယ်။

play

 

ရော်နယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို (၃) ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ကစားသမားကြီးဖြစ်ပြီးတော့ ကမ္ဘာ့ဖလားပွဲ စုစုပေါင်း (၁၉) ပွဲ ကစားခဲ့ပြီး (၁၅) ဂိုးအထိ သွင်းယူခဲ့ကာ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး စာရင်းမှာတော့ ဂျာမနီ ကစားသမား မီရိုဆလပ်ကလို့စ်ရဲ့နောက် ဒုတိယနေရာမှာ တစ်ဂိုးအကွာနဲ့ ရပ်တည်နေတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ နှစ်အနည်းငယ်ကြာ ရပ်တည်နေနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာမှ မီရိုဆလပ်ကလို့စ်က ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD