AD
AD
AD

ကမ္ဘာ့စံချိန်တွေ တင်နိုင်ခဲ့တဲ့ မီတာ ၁၀၀ ဂျမေကာအပြေးသမားကြီးဟာ သူ့ရဲ့ အပြေးကစားသမားဘ၀ကနေ အနားယူပြီးနောက်ပိုင်း ဘောလုံးလောကကို ကူးပြောင်းဖို့အတွက် အာရုံစိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အိုလံပစ် ရွှေတံဆိပ် (၈) အခုအထိ ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို (၁၁) ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တဲ့ အူစိန်ဘော့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ဟာ ဘယ်အသင်းမှာ စတင်မလဲလို့ အားလုံးက စိတ်ဝင်စားနေခဲ့ကြတာလည်း ဖြစ်ပါတယ်။

play

 

အခုဆိုရင်တော့ အူစိန်ဘော့ဟာ ဘွန်ဒက်လီဂါက ထိပ်သီးကလပ် ဒေါ့မွန်အသင်းမှာ လေ့ကျင့်ခန်းဆင်းတော့မှာ ဖြစ်ပါတယ်။ လာမယ့် သောကြာနေ့မှာ ပြုလုပ်မယ့် ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အူစိန်ဘော့ ပါဝင်မှာဖြစ်ပြီးတော့ အူစိန်ဘော့ ကိုယ်တိုင်ကလည်း သောကြာနေ့အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သူ့ရဲ့ တွစ်တာအကောင့်မှာ ပို့စ်တင်ထားခဲ့ပါတယ်။

play

 

ကနဦးတုန်းကတော့ အူစိန်ဘော့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားချင်တယ်လို့ ဖွင့်ဟပြောခဲ့ဖူးပြီး သူကိုယ်တိုင်လည်း မန်ယူအသင်းရဲ့ အမာခံပရိသတ်ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူပွဲတွေကို လာကြည့်လေ့ရှိပြီး ဧည့်သည်တော်တစ်ဦး အနေနဲ့လည်း အူစိန်ဘော့က အခွင့်အရေးတချို့ ရခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တောင်အာဖရိကကလပ်အသင်းဖြစ်တဲ့ မာမီလိုဒီဆန်းဒေါင်းစ် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ အရည်အချင်းတွေ လိုအပ်သေးကြောင်း နားလည်ခဲ့တယ်လို့ အူစိန်ဘော့က ၀န်ခံခဲ့ပါတယ်။

play

 

ဒေါ့မွန်အသင်းဂျာစီကို ၀တ်ဆင်ထားပြီး သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို အင်္ဂါနေ့က တွစ်တာအကောင့်မှာ အူစိန်ဘော့က တင်ထားခဲ့ပါတယ်။ လာမယ့်ဇွန်လမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားမယ့် ရံပုံငွေဘောလုံးပွဲမှာ အူစိန်ဘော့က ပါဝင်ကစားတော့မှာဖြစ်ပါတယ်။ အဲဒီ ရံပုံငွေပွဲကတော့ Soccer Aid for UNICEF လို့ အမည်ရပြီး Robbie Williams Vs Soccer Aid World Xl တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အူစိန်ဘော့ကတော့ Soccer Aid World Xl အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားမယ်လို့ သိရပြီးတော့ ရောဘတ်ပီးရက်စ်၊ ဆီးဒေါ့စ် အစရှိတဲ့ နာမည်ကျော် ကစားသမားဟောင်းကြီးတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD