AD
AD
AD

မတ်လ (၂၂) ရက်နေ့၊ ကြာသာပတေးနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့  ဘောလုံးသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စပါးတိုက်စစ်မှူးဟာရီကိန်းကို ခေါ်ယူဖို့ အစီအစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မူလကတော့ ရီးရဲလ်အနေနဲ့ ဟာရီကိန်းကို အလေးနက်အထားခဲ့ပေမယ့် အခုဆိုရင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ပိုမိုအားစိုက်လာတယ်လို့ သိရပါတယ်။

play

 

- AS သတင်းဌာနာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့အတွက် ယူရို ၆၃ သန်းသုံးစွဲမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်အသင်းက အီကာဒီရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း၁၀၀ သတ်မှတ်ထားပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပြင်ဆင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ နေမာ နဲ့ မားကို့အဆန်စီယိုတို့ကို နွေရာသီမှာ ခေါ်ယူဖို့ အးထုတ်နေကြောင်း Diario Gol က ရေးသားခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက အသင်းကိုစပွန်ဆာ ပေးထားတဲ့ Chervrolet ရဲ့ အကူအညီနဲ့ နေမာကို ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။

play

 

- ရီးရဲလ်အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်း (၃) သင်း အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ Don Balon ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ မန်စီးတီး အာဆင်နယ်၊ လီဗာပူးလ် အစရှိတဲ့ ပရီးမီးယားလိဂ် ထိပ်သီး (၃) သင်းက ဘန်ဇီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

play

 

- လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ဖို့ ယုံကြည်နေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ မန်ယူအသင်းက စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်အသင်းကတော့ ဂျော်ဂျင်ဟိုကို ပေါင် သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

play

 

- တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပေမယ့် သူ့ကစားသမားဟာ တရုတ်ကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုမရှိကြောင်း ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က ငြင်းဆန်လိုက်ပါတယ်။  စကိုလာရီရဲ့ ထုတ်ဖော်ပြောကြားခဲ့အပြီးမှာ စီရော်နယ်ဒိုအနေနဲ့ တရုတ်စူပါလိဂ်ကို သွားဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ခဲ့မှုအပေါ် ပီရက်ဇ်က ငြင်းဆန်ခဲ့တာပါ။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD