AD
AD
AD

လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဇာဘီအလွန်ဆိုသည် အခွန်ရှောင်မှုဖြင့် စွပ်စွဲခံနေရပြီး ထောင်ဒဏ် (၅) နှစ်ပြစ်ဒဏ် ကျခံရနိုင်သည့် အနေအထားမျိုးတွင် ရှိကြောင်း ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

play

 

အလွန်ဆိုသည် သူ၏ ပုံရိပ်အသုံးပြုခမှ ရရှိခဲ့သည့် ၀င်ငွေကို တရားဝင်ဖော်ပြခဲ့ခြင်းမရှိပဲ အခွန်ဆောင်ရန် ရှောင်လွှဲခဲ့တယ်လို့ သိရှိရပြီး အနည်းဆုံး ယူရို ၂သန်းခန့်အထိ ရှိနိုင်ကြောင်းလည်း ဘီဘီစီက ရေးသားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အဆိုပါ ၀င်ငွေကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပဲ ယခုဖြစ်ရပ်ဟာ အလွန်ဆိုအနေနဲ့ ရီးရဲလ်မှာ ကစားနေစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။

play

 

ယခုအခါ အလွန်ဆိုအနေဖြင့် ယူရို ၄သန်းအထိ ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိနေပြီး အခွန်ရှောင်လွှဲမှုအတွက် စပိန်တရားရုံးတွင်လည်း ဖြေရှင်းရမှာဖြစ်ပါတယ်။ မက်ဒရစ်တရားရုံးမှ အလွန်ဆို၏  ပြန်လည်စစ်ဆေးခဲ့ကာ အလွန်ဆိုအနေနဲ့ အထောက်အထားခိုင်လုံစွာဖြင့် လျှောက်လဲချက်ပေးရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အလွန်ဆိုကဲ့သို့ပင် အခွန်ငွေရှောင်လွှဲမှုဖြင့် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ကျခံခဲ့ရသည့် နာမည်ကျော် ကစားသမားအများအပြားလည်း ရှိနေခဲ့သည်။ ပြီးခဲ့သည့်လအတွင်းက မန်ယူတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာလည်း အခွန်ရှောင်တိမ်းမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၁၆ လ ကျခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ရီးရဲလ်နောက်ခံလူ မာဆယ်လို၊ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် နောက်ခံလူ မာရှေရာနို၊ ဘာစီလိုနာ ဥက္ကဌဟောင်း ဆန်ဒရိုရော့ဆဲလ်၊ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုတို့ဟာ အခွန်ရှောင်တိမ်းမှုကြောင့် တရားစွဲဆိုမှုတွေကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD