AD
AD
AD

နယ်သာလန်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ဂျက်ဝီရှိုင်းယားဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်တော့ဘူးလို့ espn က ဖော်ပြခဲ့ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

နယ်သာလန်နဲ့ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းရဲ့ ဂိုးပေါက်ကို စောင့်ရှောက်ဖို့အတွက် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို တာဝန်ပေးအပ် သွားမယ်လို့လည်း နည်းပြဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ၀ီရှိုင်းယားကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အိုက်စလန်အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို အနိုင်ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာရရှိမှုကြောင့် ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၀ီရှိုင်းယားဟာ အင်္ဂလန်အသင်းနဲ့အတူ ဆက်ရှိနေမှာဖြစ်ပြီးတော့ နောက်အပတ် အင်္ဂါနေ့မှာ ကစားမယ့် အီတလီအသင်းနဲ့ ပွဲစဉ်မတိုင်မီ ၀ီရှိုင်းယားရဲ့ ဒဏ်ရာ ပြန်လည်သက်သာဖို့ မျှော်လင့်နေပါတယ်။

play

 

" ဒူးဒဏ်ရာရရှိခဲ့တာပါ၊ ဒါပေမယ့် အရမ်းကြီး မပြင်းထန်ပါဘူး၊ ဒါပေမယ့် အသင်းမှာ သူဆက်ရှိစေချင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့နဲ့အတူ ရှိနေစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

play

 

" လောလောဆယ်တော့ သူမပါဝင်နိုင်တော့ပါဘူး၊ သူ့အနေနဲ့ အင်္ဂါနေ့မတိုင်ခင် ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ပါတယ်၊ (၂) နှစ်လောက် သူ အင်္ဂလန်အတွက် မကစားပေးနိုင်ခဲ့ပေမယ့် သူဟာ တော်တော်လေး တိုးတက်မှုတွေ ရှိလာခဲ့သူပါ" လို့လည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ၀ီရှိုင်းယားအပေါ် ချီးကျူးခဲ့ပါသေးတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD