AD
AD
AD

နေမာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းက အလေးအနက်ထား ချိတ်ဆက်နေတယ်လို့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာက နေမာအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တောင်မှ ဘာစီလိုနာအသင်းဟာ ရီးရဲလ်ထက် ပိုမိုကောင်းမွန်နေတဲ့ အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းမှနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်း နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာဟာ ပဲရစ်မှာ ပျော်ရွှင်မှုမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ရီးရဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ နေမာအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ရင် ကြိုဆိုနေမှာ ဖြစ်ကြောင်းကိုလည်း ရီးရဲလ်အသင်းသားတွေဖြစ်တဲ့  ကာဗာဟယ်လ်၊ ကက်စမဲရိုး နဲ့ အဆန်စီယိုတို့က ထုတ်ဖော်ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။

play

 

နေမာအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုတဲ့အပေါ်မှာတော့ အင်နီယေစတာက -

 

" နေမာရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ တွေးတောမိတာမျိုးမရှိခဲ့ပါဘူး၊ ပုံမှန်အားဖြင့် ကိုယ်ထွက်ခွာခဲ့တဲ့နေရာကို ပြန်လာဖို့ဆိုတာ ခက်ခဲပါတယ်" လို့ စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ El Larguero ကို ပြောကြားခဲ့ပါတယ်။

play

 

" နေမာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ရီးရဲလ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်တာပါ ဒါပေမယ့်လည်း ကျွန်တော်တို့အသင်းက သူတို့ထက်ပိုပြီးတော့ သာလွန်နေဆဲပါပဲ" လို့ အင်နီယေစတာက အဓိက ပြိုင်ဘက်အသင်းအပေါ် ထိုးနှက်ခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းကတော့ စပိန်လာလီဂါဖလားကို ရရှိဖို့ နီးစပ်နေပြီး ဒုတိယနေရာမှာ ရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကို ၁၁ မှတ်အသာစီးရရှိထားခဲ့ပြီး မဟာပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်ကတော့ ဘာစီလိုနာအသင်းနဲ့ ၁၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD