AD
AD
AD

မနေ့ညက ကစားခဲ့တဲ့ တရုတ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက်မှာတော့ ဂါရတ်ဘေးလ်ဟာ ဝေးလ်အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ၂၉ ဂိုးသွင်းယူပြီးပိုင်ဆိုင်ခဲ့ပါတယ်။  ဒီသွင်းဂိုးအရေအတွက်ဟာ ယခင် စံချိန်တင်ထားခဲ့တဲ့ လီဗာပူးလ်ဂန္ထ၀င်ကစားသမားဟောင်း အီရန်ရှပ်ထက် တစ်ဂိုးသာလွန်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

တရုတ်နဲ့ပွဲမှာ တစ်ပွဲတည်း သုံးဂိုးအထိ သွင်းယူနိုင်ခဲ့တာဟာ ရောဘတ်အန်းရှော က စကော့တလန်အသင်းကို ၂၀၁၄ ခုနှစ်က ဟက်ထရစ်သွင်းယူခဲ့အပြီး ၁၄ နှစ်အကြာမှာမှ ဝေးလ်ကစားသမားတစ်ယောက်က ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ ဂါရတ်ဘေးလ်အတွက်လည်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝေးလ်အတွက် ပထမဆုံးအကြိမ် ဟက်ထရစ် ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာခဲ့မှုဟာ သူ့ကစားသမားဘ၀တလျှောက် အကောင်းဆုံးသော အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့လည်း ဂါရတ်ဘေးလ်က ပြောကြားခဲ့ပါတယ်။

play

 

"  နိုင်ငံအသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးပါဘူး၊ ဒါက အရမ်းဂုဏ်ယူစရာကောင်းပါတယ်" လို့ ဘေးလ်က ပြောခဲ့ပါသေးတယ်။

 

" ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး၊ ဒါပေမယ့် အခုတော့ တကယ်ဖြစ်လာခဲ့ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ၊ ကျွန်တော့် ကစားသမားဘ၀တလျှောက်မှာ အကောင်းဆုံးအောင်မြင်မှု တစ်ခုဖြစ်လာပါပြီ" လို့ ဂါရတ်ဘေးလ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောခဲ့ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ဝေးလ်အသင်းအတွက် ၆၉ ပွဲ ကစားပြီး ၂၉ ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးစံချိန်ကို ရရှိခဲ့တာဖြစ်ပြီးတော့ အီရန်ရှပ်ကတော့ ၆၆ ပွဲကစားပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဝေးလ်အသင်း နည်းပြဖြစ်တဲ့ ရွိုင်ယန်ဂစ်ကလည်း -

play

 

" ဂါရတ်ဘေးလ်အတွက် မယုံကြည်နိုင်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ၊ သူ့အတွက်တော့ ဒီစံချိန်က တကယ်ထိုက်တန်ခဲ့ပါတယ်" လို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ တရုတ်အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ဝေးလ်အတွက် အနိုင်ဂိုးတွေကို ဂါရတ်ဘေးလ်က (၃)ဂိုး၊ ဆမ်ဗုတ်က (၂) ဂိုးနဲ့ ဟာရီဝီလ်ဆင်က (၁) ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

 

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD