AD
AD
AD

လီယွန်နယ်မက်ဆီဟာ ဘောလုံးကစားသမားတွေထဲမှာ အံ့ဖွယ်ထူးခြားတဲ့ ကစားသမားဖြစ်ပြီး အငြင်းပွားစရာမရှိ ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားတို့အတွက် စုစုပေါင်း သွင်းဂိုး (၆၀၀) ဂိုးအထိ သွင်းယူပေးပြီးတော့ သွင်းဂိုးတွေကပဲ သူဟာ ဘယ်လိုကစားသမားလဲဆိုတာကို သူကိုယ်တိုင် ပြန်လည်အဖြေပေးနေခဲ့တာ ဖြစ်ပါတယ်။

play

 

 ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီဒီရာဒရော့ဘာကတော့ မက်ဆီဟာ ခြွင်းချက်မရှိအကောင်းဆုံး ကစားသမားမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒရော့ဘာက မက်ဆီအနေနဲ့ ကစားသမားကြီး (၂) ဦးကို လိုက်မှီမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါသေးတယ်။

play

 

AFP သတင်းဌာနကို ဒရော့ဘာက ပြောကြားခဲ့ရာမှာတော့ -

 

" မက်ဆီအနေနဲ့ ဘောလုံးလောကမှာ အများကြီး ပြုလုပ်ပြခဲ့ပြီးပါပြီ၊ အခုချိန်မှာ သူ့အနေနဲ့ ရပ်တန့်သင့်နေပါပြီ၊ ကမ္ဘာ့ဖလားကို အရယူပြနိုင်ခဲ့မယ်ဆိုရင်တော့ ပိုပြီး သူရဲကောင်းဆန်လာမှာပါ၊ သူက တမူထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ" လို့ ပြောခဲ့ပါတယ်။

play

 

" သူက မာရာဒိုနာ နဲ့ ပီလီတို့ထက် ပိုပြီးကောင်းတဲ့ ကစားသမားမဟုတ်ပါဘူး၊ အဝေးကြီးမှာ ပြတ်ကျန်နေခဲ့တာမျိုးလည်း မဟုတ်ပါဘူး" လို့ ဒရော့ဘာက ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

play

 

လက်ရှိဘောလုံးလောကမှာတော့ မက်ဆီကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ အဓိကပြိုင်ဘက်အဖြစ် ညွှန်းဆိုနေကြပြီးတော့ ဘယ်သူက ပိုကောင်းသလဲလို့ အားလုံးက မေးခွန်းထုတ်နေခဲ့ကြတာ ကြာခဲ့ပါပြီ၊ ဒါပေမယ့်လည်း ဒီမေးခွန်း၊ အငြင်းပွားမှုတွေဟာ နှစ်ဖက်ပရိသတ်တွေကြားထဲမှာ အခုထက်ထိ အငြင်းပွားနေရဆဲလည်း ဖြစ်ပါတယ်။

play

 

ဒရော့ဘာကတော့ သူ့ရဲ့ပြောစကားတွေထဲမှာ စီရော်နယ်ဒိုအကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပဲနဲ့  ဂန္ထ၀င်ကစားသမားကြီး (၂)ဦးနဲ့သာ နှိုင်းယှဉ်သွားခဲ့ပါတယ်။ မက်ဆီအနေနဲ့လည်း ကစားသမားဘ၀ နှောင်းပိုင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ အလားအလာများနေခဲ့ပြီး နိုင်ငံအသင်းနဲ့အတူ မရရှိဖူးသေးတဲ့ အောင်မြင်မှုကို အရယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့ အုပ်စုအဆင့်မှာ ခရိုအေးရှား၊ အိုက်စလန်၊ နိုင်ဂျီးရီးယားတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD