AD
AD
AD

စနေနေ့နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

- Don Balon ရဲ့ ဖော်ပြမှုအရ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ကြားဖြတ်ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။

play

 

- ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးလ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်လအတွင်း ရှင်းရှင်းလင်းလင်းသိချင်နေတယ်လို့ Diario Gol က ရေးသားခဲ့ပါတယ်။ ဂျာမနီကွင်းလယ်လူ ခရူးစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေခဲ့ပြီး ရီးရဲလ်ဘက်ကတော့ ရောင်းချမှာမဟုတ်ဘူးလို့ သိရပေမယ့် ကစားသမားကိုယ်တိုင်က နွေရာသီမှာ အသင်းကထွက်ခွာဖို့ စဉ်းစားနေကြောင်းလည်း သိရှိရပါတယ်။

play

 

- ဖူလ်ဟမ်အသင်းရဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ဆက်ဆက်ဂ်နွန်ကတော့ စပါး၊ မန်ယူတို့လို အသင်းကြီးတွေက စိတ်ဝင်စားနေပေမယ့် ဖူလ်ဟမ်အသင်းသာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့မယ်ဆိုရင် ဖူလ်ဟမ်မှာ ဆက်လက်ကစားသွားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

play

 

- ဘာစီလိုနာအသင်းကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် နာပိုလီအသင်းက ရေပန်းစားလာခဲ့ပါတယ်။ အသက် ၂၄ အရွယ် ရှိပြီဖြစ်တဲ့ ဒင်းနစ်ဆွာရက်ဇ်ဟာ အသင်းကို ဘရာဇီးလ်ကစားသမား ကော်တင်ဟို ရောက်ရှိလာပြီးနောက်မှာ ပုံမှန်နေရာရဖို့အတွက် ပိုမိုရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

play

 

- မန်ယူအသင်းမှ ၀ါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဘရာမိုဗစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အယ်လ်အေဂလက်ဇီအသင်းက တရားဝင်အတည်ပြုခဲ့ပါတယ်။ ဇလာတန် ကိုယ်တိုင်ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အယ်လ်အေဂလက်ဇီအသင်းရဲ့ ဂျာစီဝတ်ထားတဲ့ ဓာတ်ပုံကို တင်ရှိထားခဲ့ပါတယ်။

play

 

- ဂျူဗင်တပ်အသင်းမှ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့အတွက် မန်ယူအသင်း စဉ်းစားနေကြောင်း The Mirror က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှ အငှားပြောင်းရွှေ့လာတဲ့ ဒေါက်ဂလပ်စ်ကော်စတာကို ဂျူဗင်တပ်စ်အသင်းကလည်း အပြီးသတ်ခေါ်ယူပိုင်ခွင့် ရှိနေပါတယ်။

ှSource  : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD