AD
AD
AD

အီတလီအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် လီယွန်နယ်မက်ဆီက မိမိအနေဖြင့် ရံဖန်ရံခါတွင် ကြွက်သားနာကျင်မှုဒဏ်ကို ခံစားနေရသည်ဟု ဖွင့်ဟခဲ့ပါတယ်။ အီတလီအသင်းနှင့်ပွဲစဉ်ကို  မက်ဆီသည် ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှူခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးများကို ဘာနီဂါ နှင့် လန်ဇီနီတို့က သွင်းယူပေးခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမား မက်ဆီဟာ လတ်တလောမှာ ဂိုးသွင်းခြေတွေ့နေခဲ့ပြီးတော့ သူ့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲမှာ (၈) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ ပြောကြားမှုအရဆိုရင်တော့ ကစားသမားဟာ ကြွက်သားနာကျင်မှု ဝေဒနာကို ခံစားနေခဲ့ရပါတယ်။ မက်ဆီကတော့ လာမယ့် အင်္ဂါနေ့မှာ ကစားရမယ့် စပိန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။

play

 

TyC Sports ကို မက်ဆီက ပြောကြားခဲ့ရာမှာတော့ -

 

" တခါတလေမှာ ကြွက်သားနာကျင်မှု ခံစားရပါတယ်၊ ကျွန်တော်က အမြဲတမ်းဘောလုံးကစားချင်သူပါ၊ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ လိုပါသေးတယ်၊ အီတလီနဲ့ ကစားရမယ့်ပွဲကို အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စပိန်အသင်းနဲ့ ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ပြောခဲ့ပါတယ်။

play

 

မက်ဆီကတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူဖို့ ပစ်မှတ်ထားနေပြီး နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု ရရှိဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀မှာ အကောင်းဆုံးအရှုံးသမားဆိုတဲ့ ဒုတိယနေရာသာ ရရှိခဲ့ဖူးပြီးတော့ အဓိကပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု မရရှိသေးတာလည်း ဖြစ်ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD