AD
AD
AD

စပိန်အသင်းနည်းပြ လိုပက်တီဂူက ဂျာမနီအသင်းနှင့်ပွဲစဉ်တွင် ကစားခဲ့သည့် စပိန်အသင်းသားများ၏ ကစားပုံအပေါ် ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျာမနီမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ စပိန်အသင်းဟာ ရိုဒရီဂိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ သောမတ်မူလာက ဂျာမနီအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေရလာဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

play

 

ဒီပွဲစဉ်မှာတော့ နှစ်သင်းစလုံးဟာ အနိုင်ရဖို့ အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပေမယ့် စပိန်အသင်းဘက်မှ ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာက ဒရက်ဇ်လာ နဲ့ ဂွန်ဒိုဂန်တို့ရဲ့ အပိုင်ကန်သွင်းမှုတွေကို အံ့အားသင့်စရာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ စပိန်နည်းပြ လိုပက်တီဂူကတော့ ဂျာမနီအသင်းရဲ့ ကြံ့ခိုင်မှုအပေါ်မှာ ချီးကျူးသွားခဲ့ပါတယ်။

play

 

" ဂျာမနီအသင်းဟာ ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုပြည့်ဝနေပြီးတော့ မြန်ဆန်တဲ့ အသင်းတစ်သင်းပါ" လို့ လိုပက်တီဂူက ပြောဆိုခဲ့ပါတယ်။ " သူတို့ဟာ ကျွန်တော်တို့ထက်ပိုပြီးတော့ သက်တောင့်သက်သာ ကစားနိုင်ခဲ့သလို လိုအပ်သလို ပြောင်းလဲကစားသွားနိုင်ပါတယ်၊ ကျွန်တော့်အသင်းကတော့ ပထမပိုင်းမိနစ် ၃၀ခန့်အထိ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။

play

 

" အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကြည့်ခဲ့ရတာပါ၊ တစ်ယောက်ချင်းစီတိုင်းဟာ ကိုယ်ပိုင်စတိုင်လ်နဲ့ ကစားနိုင်တဲ့ ကစားသမားကောင်းတွေလည်း ဖြစ်ပါတယ်၊ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ကစားရတာက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ၊ နောက်ထပ်ပွဲစဉ်တွေအတွက် ယုံကြည်မှုတွေ ပြည့်ဝလာပါတယ်" လို့လည်း လိုပက်တီဂူက ပြောခဲ့ပါသေးတယ်။

play

 

စပိန်အသင်းကတော့ ကွင်းလယ်လူ ဆာဂျီယိုဘက်ကွက်စ်ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပြီးတော့ အသင်းခေါင်းဆောင်ရာမို့စ်ကတော့ သူ့ရဲ့ နိုင်ငံတကာပွဲစဉ် (၁၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

play

 

" စိတ်ကျေနပ်မှု ရရှိခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီးတော့ အပေါင်းလက္ခဏာဆန်ခဲ့တဲ့ ပွဲတစ်ပွဲပါ၊ စိန်ခေါ်မှုကောင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်" လို့ လိုပက်တီဂူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD