AD
AD
AD

အီဂျစ်အသင်းကို ၂-၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တဲ့ နေ့ရက်တွေကို ပြန်လည်အမှတ်ရစေမယ့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်လို့ Metro က ရေးသားခဲ့ပါတယ်။

play

 

အီဂျစ်အသင်းအနေနဲ့ မိုဟာမက်ဆာလာရဲ့ ဦးဆောင်ဂိုးကြောင့် အနိုင်ရလုနီးပါး ဖြစ်ခဲ့ပေမယ့် စီရော်နယ်ဒိုက ပွဲချိန်မိနစ် (၉၀) မှာ ချေပဂိုး နဲ့ အနိုင်ဂိုးတွေကို ဆက်တိုက်သွင်းယူပေးခဲ့ပြီးတော့ ပေါ်တူဂီအသင်းကို ရှုံးပွဲမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

play

 

ဒါ့အပြင် ပွဲချိန်ပထမပိုင်းမှာလည်း စီရော်နယ်ဒိုဟာ ဘယ်တောင်ပံမှာ အီဂျစ်ကစားသမားတစ်ဦးကို လှလှပပနဲ့ လိမ်ခေါက်ပြီးတော့ သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှုစကေးလ်ကို ပြသခဲ့ပြီးတော့ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ မြန်ဆန်တဲ့ ခြေအနုတ်အသိမ်း၊ ပြိုင်ဘက်ကစားသမား ထင်ယောင်ထင်မှားဖြစ်စေတဲ့ လှည့်ဖြားမှုတွေကို ပြုလုပ်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ပြီးတော့ ခြေစွမ်းပြခဲ့တာဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းမှုစွမ်းရည်တွေကို ဆက်လက်ပြသနေဆဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဧပြီလအတွင်းက အာစင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ ဘောလုံးကျွမ်းကျင်မှုပုံရိပ်တွေကို အီဂျစ်နဲ့ပွဲမှာ ပြန်လည်မြင်တွေ့ခဲ့ရပြီးတော့ Metro က နှိုင်းယှဉ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD