AD
AD
AD

တနင်္လာနေ့အတွက် ဥရောပဘောလုံးရပ်ဝန်းမှ နောက်ဆုံးရဘောလုံးအားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

- လီဗာပူးလ်အသင်းကတော့ လိုက်ဇစ်ပ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့အတွက် ယူရိုသန်း ၁၀၀ အထိ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဂျာမန်နာမည်ကြီး သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ တီမိုဝါနာကို ခေါ်ယူဖို့အတွက် ယာဂင်ကလောပ့်က စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီးတော့ အန်ဖီးလ်ကို ခေါ်ယူဖို့အတွက် စိတ်အားထက်နေတာလည်း ဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းလည်း ပါဝင်လာပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ အာဂျင်တိုင်းတိုက်စစ်မှူးကို အက်သလက်တီကို အသင်းက ယူရို သန်း ၁၂၀ အထိ ပေးချေဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

play

 

- မန်စီးတီးတိုက်စစ်မှူး အဂူရိုကတော့ သူဟာ ကလပ်အသင်းဟောင်း အင်ဒီပန့်ဒီယန့်အသင်းကို ပြန်လည်သွားရောက်ကစားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အသင်းဟောင်းမှနေပြီး အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့ပြီး ငါးနှစ်အကြာမှာတော့ အဂူရိုဟာ မန်စီးတီးအသင်းကို ထပ်မံပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- Ok Diario ရဲ့ ဖော်ပြချက်အရ ရီးရဲလ်အသင်းအနေနဲ့ အီကာဒီကို ခေါ်ယူဖို့ ဘယ်လိုအကြောင်းမျိုးမှ မပြောကြားခဲ့ကြောင်း သိရပါတယ်။ အီကာဒီရဲ့ ဇနီး နဲ့ ကစားသမားရဲ့ အေးဂျင့်တို့ဟာ အီကာဒီကို ခေါ်ယူဖို့ အသင်းကြီးတစ်သင်းက ကမ်းလှမ်းခဲ့တယ်လို့ ပြောကြားခဲ့ဖူးပြီး ရီးရဲလ်အနေနဲ့ သူတို့မဟုတ်ကြောင်း ငြင်းဆန်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်ဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် ရှင်းလင်းစွာ သိရှိလိုတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပွဲနွဲရမယ့် ချယ်လ်ဆီးဂိုးသမားဟာ ရီးရဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရပြီး သူ့ရဲ့ မိသားစုကလည်း စပိန်မှာ အခြေချနေထိုင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာဖွယ်လည်း ရှိနေပါတယ်။

play

 

- အာစင်နယ်မှာ ပြန်လည်ကစားဖို့အတွက် သူ့အနေနဲ့ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်အတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားပေးခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂန်းနားအသင်းခေါင်းဆောင်ဟောင်းဟာ အသင်းအပေါ် ချစ်မြတ်နိုးနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD